မြောက်ဦးမြို့ရှိ သျှစ်သောင်းဘုရားအနီးက ရှေးဟောင်းမြေတွေကို တူးဖော်ရောင်းစားနေတဲ့ အံတော်သိမ်ဘုန်းကြီးတစ်ပါးကို ဒေသခံတွေ ရဲ့တိုင်ကြားချက်အရ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တပ်ဖွဲ့ DLEPS တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါတယ်။
သျှစ်သောင်းဘုရား နဲ့ အံတော်သိမ် ပုထိုးတော်ကြီး အနီးက ဖိုးခေါင် တောင်ခြေရင်း မြေကို တေဘာကားတွေနဲ့ တူးကာ သယ်ဆောင်ရောင်းချနေကြောင်းကို သက်သေနဲ့တကွ တိုင်းတန်းမူရှိခဲ့တာကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ ဒေသခံတစ်ဉီးက လေး၀တီFM ကိုပြောပါတယ်။
“ဒီဖိုးခေါင်တောင်က သျှစ်သောင်းဘုရားပုထိုးကြီး ရဲ့အဓိကသမိုင်း၀င်မြေ။ ဒီမြေကို ရဟန်းတစ်ပါးအနေနဲ့ အခုလိုဖျက်စီးနေတာတော့ အဆင်မပြေပေါ့လေ”လို့ သူကပြောပါတယ်။
အဆိုပါ ဘုန်းတော်ကြီးကို ရပ်ကွက် နေပြည်သူ၊သျှစ်သောင်းဘုရား ဂေါပက အဖွဲ့နဲ့ သက်ဆိုင်ရာက အကြိမ်ကြိမ်သွားရောက်ဟန့်တားခဲ့ပေမယ့် ဆက်လုပ်တူးဖော်နေခဲ့တယ်လို့လည်း ဒေသခံများကပြောပါတယ်။
“ငါ့ကျောင်းပိုင်မြေကို ငါတူးချင်တူးမေ ၊ရောင်းချင်ရောင်းမေ “ဆိုတဲ့ စကားလုံးမျိုးကို အံတော်သိမ်ဆရာတော်က တာ၀န်ရှိသူတွေကို အကြိမ်ကြိမ်ပြောဆိုခဲ့တယ်လို့ ဒေသခံမျက်မြင်က ဆိုပါတယ်။
ဖမ်းစီးခံ အံတော်သိမ်းဘုန်းကြီးဟာ နေ့စဉ်အရက်သေစာသောက်စားမူးယစ်ပြီး ဆဲဆိုတာ ,ပတ်၀န်းကျင်မှာနေထိုင်တဲ့ ဒေသခံတွေနဲ့ မကြာခဏ စကားများလေ့ရှိတယ်လို့လည်း ကြားသိရပါတယ်။
ရှေးဟောင်းဌာန က သောင်းဂေါပကတွေက မြေတူးတာကို ဟန့်တားဖို့ကျိုးစားခဲ့ချိန်မှာလည်း အရက်မူးမူးနဲ့ ဆဲဆိုပြီး ဓားရှည်နဲ့ လိုက်ခုတ်ခဲ့ပါတယ် လို့ သျှစ်သောင်းဘုရားဂေါပကတွေက ဆိုပါတယ်။
ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်မှာတော့ အံတော်သိမ်ဘုန်းကြီးကို DLEPS တပ်ဖွဲ့ဝင်တွေ က ခေါ်ယူစစ်ဆေးပြီး သက်ဆိုင်ရာ သံဃနာယက ဘုန်းတော်ကြီးဆီမှာ သိက္ခာချလူဝတ်လဲပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့အတွင်းမှာရှိတဲ့ ဘုရားပုထိုး၊ စေတီနဲ့ နန်းရာကုန်းအပါအဝင် ကျူံး၊ မြောင်း၊ တောတောင်၊ တံတိုင်းတွေကို ရှေးဟောင်းမူလအတိုင်း မပျက်စီးသွားစေဖို့ ထိန်းသိန်းကာကွယ်ကြရမှာ ဖြစ်တယ်လို့ သမိုင်းသုတေသီတွေက ဆိုကြပါတယ်။
အဉ္စနလီညှင်း (လေး၀တီFM)
A convenient car catalog https://auto.ae/catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.