တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမြို့မှာ ဓည၀တီ ရေတပ်ဌာနချုပ် ရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ကပ်သပြေရွာတိုက်ပွဲဟာ တစ်ပတ်ကျော်ကြာလာပြီး တဲ့နောက်မှာတော့ စစ်ကောင်စီတပ်သားတွေ အကျအရှုံးများနေတယ်လို့ သတင်းရရှိပါတယ်။
ကပ်သပြေရွာတိုက်ပွဲမှာ အကျအရှုံးများနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့၀င်အချို့ဟာ တိုက်ပွဲကြားထဲကနေ လွတ်မြောက်ရာနေရာတွေကို ထွက်ပြေးတာတွေလည်း ရှိနေတယ်လို့လည်း ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်က လေး၀တီFM ကိုပြောပါတယ်။
“အခု တိုက်ပွဲကလည်းပြင်းနေတယ် ၊ စကစ ဖက်ကလည်း အထိနာပြီး အသေအပျောက်များနေလို့ စစ်ကူထပ်ပို့နေရတယ်။တစ်ချို့ကထွက်ပြေးနေတယ်။တချို့ကကျ ကပ်သပြေရွာပတ်လည်ကို တပ်စွဲထားတဲ့ နေရာတွေကို ပြန်ဆုတ်သွားတယ်။တိုက်ပွဲက ပြင်းနေတုန်း” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ကျောက်ဖြူမြို့ကို အင်အား ထောင်ကျော်နဲ့ အဓိက စစ်မျက်နှာ သုံးခုဖွင့် စစ်ရေးပြင်ဆင်ပြီးတော့ AA ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး မလကျွန်းနဲ့ ပြိုင်းစေ့ကေရွာ အနားမှာလည်းတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“မလကျွန်းတောင်ကြော နဲ့ ပြိုင်စေ့ကေ တောင်ကြောတိုက်ပွဲကလည်း တော်တော်ကို ပြင်းနေတယ်။ စစ်ကောင်စီက ဒရုန်းဗုံးကို နေ့ရောညပါအချိန်ပြည့်ချ တိုက်ခိုက်နေတာ”လို့ သူပြောပါတယ်။
စစ်ကောင်စီရဲ့ OGT တရုတ်စီမံကိန်း နဲ့ ရဲတပ်ရင်း ၃၂ ကို AA ရဲ့သိမ်းပိုက်မူအောက် မရောက်ရအောင် နောက်ဆုံးခံတပ်လို ခုခံနေတာလို့လည်း သူကဆိုပါတယ်။
ရှေ့တန်းစစ်မျက်နှာမှာ ပြည်သူ့စစ်တွေကို အသုံးပြုထားပြီး စစ်ကောင်စီ ဟာ အသေခံ အင်အား ရာချီနဲ့ ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။ ကျောက်ဖြူ တိုက်ပွဲတွေဟာ ဇွန်လ အစပိုင်းကတည်းက အရှိန်အမြင့်ဆုံးကိုရောက်လာပြီး စစ်ကောင်စီ ရဲ့ ဗိုလ်မှူး ၊ ဒုဗိုလ်မှူး နဲ့ စစ်ကြောင်းမှုးတွေ သေဆုံး ၊ အလင်းဝင်မှုတွေလည်းရှိနေပါတယ်။
အဉ္စနလီညှင်း (လေး၀တီFM)
Just wanted to share that I tried out 617bet1. Honestly, it wasn’t bad at all. Seemed to have a modern UI and was easy to use. Maybe you’ll like it, maybe you won’t. But I did. 617bet1