ကျောက်ဖြူမြို့နယ်က ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန် နဲ့ သူ့ ရဲ့ သားမက်ဖြစ်သူ ကျောက်ဖြူဗရာဏသီဟိုတယ် Hotel Varanthi ပိုင်ရှင် ဦးငြိမ်းချမ်းမောင်တို့ ဦးဆောင်တည်ထောင်တဲ့
ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party-RNP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်(UEC)ဆီကို ဇွန်လ၂၄ရက်နေ့မှာလျှောက်ထားခဲ့ တယ်လို့ သိရပါတယ်။
နိုင်ငံရေးပါတီတွေ အနေနဲ့ ပါတီ တည်ထောင်ခွင့် ရတဲ့နေ့က စပြီး ရက်သုံးဆယ် အတွင်းမှာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း နည်းဉပဒေ (၇) နဲ့ အညီ UEC ဆီမှာ တင်ပြကြရတာဖြစ်ပါတယ်။
ဒါကြောင့် ဇွန်လ ၉ ရက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရခဲ့တဲ့ ဦးဘရှိန် ဦးဆောင်တဲ့ RNP ပါတီဟာ အခုလိုမျိုး နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ဖို့ ထပ်မံလျှောက်ထားတာဖြစ်ပါတယ်။
” ဒီပါတီမှာ ဦးဘရှိန်ကဦးဆောင်ပြီး သူ့သားမက် စီးပွားရေးလုပ်ငန်းရှင် ငြိမ်းချမ်းမောင်နဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ချို့ ရန်ကုန်ရောက် ရခိုင်စီးပွားရေးသမားတချို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်း တစ်ချို့ကတက်ကြွလှုပ်ရှားသူတစ်ချို့ ANP ပါတီဝင်တချို့ ပူးပေါင်းပါဝင်ကြပါတယ်”လို့ အဲ့ဒီပါတီ နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ လျှောက်ထားတယ် ဆိုတာက ရွေးကောက်ပွဲဝင်ဖို့ နောက်တစ်ဆင့် ပြင်ဆင်တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီဘက်က အခုနှစ် ဒီဇင်ဘာ မှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားပြီး အဲ့ဒီရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ RNP ပါတီဟာ ဒီရွေးကောက်ပွဲမှာ ပါဝင်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။
ဦးဘရှိန်ဟာ အရင်က ရခိုင်အမျိုးသားပါတီ ANP ရဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဖြစ်ခဲ့တဲ့ အတွက် လက်ရှိ စစ်ကောင်စီ လက်ထဲမှာ ရှိနေဆဲ ဖြစ်တဲ့ ကျောက်ဖြူမြို့နယ်မှာ ပဲ ရွေးကောက်ပွဲ ဝင်ဖို့ ခန့်မှန်းရပါတယ်။
ရခိုင်ပြည်မှာ စစ်ကောင်စီထိန်းချုပ်ထား တဲ့ မြို့နယ် သုံးခုပဲ ကျန်တော့တာဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ဆိုရင် ဒီဇင်ဘာလ အထိ ဒီမြို့တွေကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့လိုပါတယ်။
အခုလို ရခိုင်ပြည်သိမ်းတိုက်ပွဲကြီးပြင်းထန်နေချိန်မှာ စစ်ကောင်စီ ရဲ့ နိုင်ငံရေး ထွက်ပေါက်အဖြစ် စီစဉ်နေတဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရခိုင်ပါတီ (၅) ခုက ပြင်ဆင်ထားပါတယ်။
စီစဉ်ထားတဲ့ ရခိုင်ပါတီတွေကတော့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ နဲ့ အတူ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၊ ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party-RNP) တို့ဖြစ်ပါတယ်။
ဒါပေမယ့် ဒီပါတီတွေဟာ ဘယ်မြို့ ဘယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ် လို့ မကြေညာနိုင်သေးပါဘူး။
Signed up for phspinvip. Worth it for the perks honestly! If you’re planning to stick around, the VIP is the way to go. Check out the details here: phspinvip
https://t.me/s/ed_1xbet/205
https://t.me/ed_1xbet/137