Laywaddy FM

ကျောက်ဖြူ ခမရ ၅၄၃ မှာ မြေမြုပ်မှိုင်းတွေထောင်ပြီး တပ်နေရာရွှေ့ဖို့ပြင်ဆင်နေ

ကျောက်ဖြူ ခမရ ၅၄၃ မှာ မြေမြုပ်မှိုင်းတွေထောင်ပြီး တပ်နေရာရွှေ့ဖို့ပြင်ဆင်နေ

ကျောက်ဖြူမြို့ နယ် အခြေစိုက် ခမရ ၅၄၃ ပတ်လည်မှာ စစ်ကောင်စီဘက်က မြေမြုပ်မှိုင်းတွေ ထောင်ထားပြီး တပ်တွင်းက အရေးကြီးပစ္စည်းတွေ ရွေ့ပြောင်းနေတယ်လို့ သတင်းရရှိပါတယ်။

အရေးကြီးပစွည်း တွေကို ဇွန်လ ၂၅ ရက်ကတည်းက ရွှေ့ပြောင်းပြီးတော့ တပ်တွင်းမှာ အစောင့်တပ်သား များသာချန်ထားခဲ့တယ် လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

“ခမရ ၅၄၃ က ဘာဆိုဘာမှမရှိတော့ဘူး အကုန်ရွှေ့သွားပြီ တပ်ထဲမှာက အစောင့်လောက်ဘဲကျန်နေတာပါ။ အခုက တပ်ထဲကို AA ၀င်လာမှာကြောက်လို့ အခုလိုမိူင်းတွေအများကြီးထောင်ထားတာပါ” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ခမရ ၅၄၃ ဟာ ကျောက်ဖြူ – ရမ်းဗြဲ ကားလမ်းပိုင်းပေါ်မှာရှိပြီးတော့ ၊ ကျောက်တလုံးဘုရား အနီးမှာ အခြေချပါတယ်။ လက်ရှိမှာ အဲ့ဒီတပ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ရဲတပ်တင်း ၃၂ နဲ့ ပြိုင်းစေ့ကေ တို့မှာ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

“ခမရ ၅၄၃ တစ်ခုလုံး ရှေ့တန်းရောက်နေချိန်မှာ အခုလို တပ်ဧရိယာ အတွင်းအပြင် ကို မှိုင်းထောင်ပြီး အသေခံတိုက်ဖို့ အမိန့်ပေးထားတာဖြစ်ပါတယ် “ လို့ ကျောက်ဖြူ နဲ့ ဆက်စပ်တဲ့ စစ်ကောင်စီ အသိုင်းအဝိုင်း က ပြောပါတယ်။

ခမရ ၅၄၃ က အရေကြီး စာရွက်စာတန်းတွေ ၊ တပ်တွင်းမိသားစုပိုင် ပစ္စည်းတွေ ၊ ကား ၊ဆိုက်ကယ်တွေ နဲ့ အိမ်မွေးတိရိစ္ဆာန်တွေက အစ သယ်ယူသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ တပ်ရင်းအနီးအနားသာမက ဘဲ ကားလမ်း‌ေဘေးဘီဝဲယာ တွေမှာပါ မြေမြုပ်မှိုင်တွေ ထောင်ထားတဲ့ အတွက် အနီးဝန်းကျင်က လယ်သမားတွေ ထိခိုက်ဒဏ်ရာ ရရှိမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

“ကားလမ်းနား ၊ ရွာလမ်းနဲ့ တောလမ်းတွေပါထောင်ထားတယ် အခုက တိရိစ္ဆာန်တွေ မိူင်းပေါက်လို့သေတယ် အယင်နေ့ကလည်း အမျိုးသမီးတစ်ဉီးမိူင်းထိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က မြေမြုပ်မှိုင်းတွေကို ဒေသတွေ နေရာအနှံ့အပြားမှာထောင်ထားတာ လည်းဖြစ်ပါတယ်။ ဂုံးချွိန်တိုက်နယ် ၊ ဂုံးချွိန်ရွာ၊ စေပုတ်ကေထောင့်ရွာက ဒေါ်သိန်းမြကြည် (၆၁ နှစ်) ဟာ ဇွန်၊၅ ရက်နေ့၊ မနက်ပိုင်းမှာ ခမရ (၅၄၃) နဲ့ တစ်မိုင်ဝန်းကျင် က သီဟိုဋ်ခြံထဲမှာ မိုင်းနင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။

အမ်းချောင်းသူ လေး၀တီFM

Kay Zue

Related Posts

3 thoughts on “ကျောက်ဖြူ ခမရ ၅၄၃ မှာ မြေမြုပ်မှိုင်းတွေထောင်ပြီး တပ်နေရာရွှေ့ဖို့ပြင်ဆင်နေ

Leave a Reply

Your email address will not be published. Required fields are marked *