ရက္ခိုင်ပြည် ၊ ကျောက်ဖြူမြို့နယ် ၊ ဂုံးချွိန်တိုက်နယ်က အမှတ် ၃၂ ရဲတပ်ရင်း ကို အာရက္ခတပ်တော်ဘက်က ပတ်လည်က ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲပြန်လည်ပြင်းထန်နေတာ နှစ်ရက်ရှိပြီ ဖြစ်ပါတယ်။
ရခိုင်မှာ အဆက်မပြတ်မိုးရွာနေပြီး ပြီးခဲ့တဲ့ တစ်ပတ်က တိုက်ပွဲအရှိန်လျော့ကျခဲ့ရာက ဇူလိုင် ၂ ၊ ၃ ရက်တွေ အတွင်းမှာ ပြန်လည်ပြင်းထန်လာတာဖြစ်ပါတယ်။
”ဒရုန်းချသံ နှစ်ဖက်ပစ်ခတ်သံတွေ ကို အဆက်မပြတ်ကြားရတယ် ၊ အခု နှစ်ရက် မှာ ပိုပြီး ပြင်းလာတယ် “လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အမှတ် ၃၂ ရဲတပ်ရင်းအနီးက တိုက်ပွဲမှာ စစ်ကောင်စီဘက်က တရုတ်နည်းပညာရှင် ဒရုန်းကျွမ်းကျင်သူအချို့ကိုအသုံးပြုထားတာဖြစ်ပါတယ်။
ဒါအပြင် နေဗီကလည်း ဝင်ရောက်ပစ်ခတ်နေပြီး နှစ်ဖက်တိုက်ပွဲတွေဟာ တော်တော်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲက ရှေ့မှာဆိုလည်း ကျမတို့ရွာက ပင်လယ်ကမ်းခြေနဲ့နီးတယ်၊ဒရုန်းလာတယ်လက်နက်ကြီးကျတယ် ၊ လေယဉ်လာရင် ဗုံးခိုကျင်းဆင်းနေရတယ်၊ ဗုံးကျင်းတွေကလည်း ရေတွေ ဝင်နေတယ် ရေထဲမှာ အကြာကြီး နေနေရတယ် “လို့ ကျောက်ဖြူ ဒေသခံအမျိုးသမီးတစ်ဉီးကပြောပါတယ်။
ကျောက်ဖြူ ရမ်းဗြဲ ကားလမ်းမထက်ရှိ ပင်လယ်ကမ်းခြေနဲ့နီးတဲ့ ကျောက်ပြောက်အုပ်စု ၊ဇင်ချောင်းအုပ်စုတို့ က ကျေးရွာတွေဟာ စစ်ကောင်စီရဲ့ နေဗီနဲ့ လေကြောင်းရန်ကို အထူးဂရုပြုနေရတာဖြစ်ပါတယ်။
ဓာတ်ပုံ- မောင်ရွှေလေးရေတပ်ကို သိမ်းပိုက်စဉ်
Yo, 79mgame! I’ve been hitting this site up for a while now. Pretty solid selection, keeps me coming back. Check it out, 79mgame, you might dig it.
Alright Betwinner fans, check out BetwinnerCD! Dedicated to Congo, these guys offer lots of options for local players, which may have specific deals so have a look! betwinnercd
Нужен проектор? https://projector24.ru большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.