ရခိုင်ပြည်၊ စစ်တွေနဲ့ မောင်တော ပင်လယ်ပြင်မှာ သွားလာလှုပ်ရှားနေတဲ့ နေဗီ ကျောက်ပန္ဒူ အနီးမှာ ကျောက်ချရပ်နားထားပြီး ဒရုန်းတွေနဲ့ ကင်းထောက် တာတွေ လုပ်နေတယ်လို့ သတင်းရရှိပါတယ်။
စစ်တွေမြို့ရေပြင်မှာ ကင်းလှည့်နေတဲ့ ရေယဉ်တွေဟာ ရာသီဉတုအခြေအနေပေါ်မူတည်ပြီး မောင်တောရေပြင်ကို သွားရောက် ကင်းထောက်နေကြတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
” စကစ နေဗီတွေက စစ်တွေကနေလာတာ။ မိုးရွာလှိုင်းကြီးရင် မောင်တောဖက်ကစစ်တွေကိုပြန်သွားတယ်။ ကျောက်ပန္ဒူနဲ့ အုန်းကျွန်းကြားမှာ ကျောက်ချတယ်။ ပြီးရင် လက်နက်ကြီးနဲ့ မောင်တောဖက်က ရေပိုင်နက်တွေ ကိုပစ်တယ်။ သူတို့ကျောက်မချရင်လည်း စစ်တွေ-မောင်တော သွားနေရင်း ပစ်တာပါ” လို့ ပြောပါတယ်။
အဲ့ဒီနေဗီတွေက ဒရုန်းတွေ တင်ဆောင်လာပြီး လက်လှမ်းမီသလောက် ကင်းထောက်ကာ ပစ်ခတ်မှုများလည်းပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ကမ်းရိုးတန်းတစ်လျှောက်က မြို့တွေကို သိမ်းပိုက်ထားပေမယ့်ရေကြောင်း ကို ထိမ်းချုပ်ဖို့ ခက်နေပြီး နေဗီတွေဟာ ရေပြင်ထဲမှာ သွားလာနိုင်တုန်းဖြစ်ပါတယ်။
ဒါပြင် မောင်တော၊ကျောက်ပန္ဒူ ၊အုန်းကျွန်း တို့ မှာ ကျောက်ချထားတဲ့ နေဗီတွေဟာ ဒေသတွင်းက ငါးဖမ်းလှေတွေကို
လိုက်လံပစ်ခတ်နေပြီး ရေလုပ်သားတွေရဲ့ လုံခြုံရေးကိုလည်း ခြိမ်းခြောက်နေပါတယ်။
မောင်တော၊ ရသေ့တောင်၊ အငူမော်ပင်လယ်ပတ်လမ်းတစ်လျှောက်ကနေ စစ်ကောင်စီ နေဗီတွေက လက်နက်ကြီးနဲ့ AAသိမ်းပိုက်ထားတဲ့ ကျီကန်းပြင် ဌာနချုပ်ကိုလည်း မကြာခဏ ပစ်ခတ်နေပါတယ်။
အမ်းချောင်းသူ လေး၀တီFM