Laywaddy FM

ULA/AA ထိမ်းချုပ်မြို့တွေမှာ အခြေချနေထိုင်တဲ့ ပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ စစ်ကောင်စီ ညွှန်ကြားချက်ထုတ်ထား

ULA/AA ထိမ်းချုပ်မြို့တွေမှာ အခြေချနေထိုင်တဲ့ ပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ စစ်ကောင်စီ ညွှန်ကြားချက်ထုတ်ထား

ULA/AA ထိမ်းချုပ်ထားတဲ့ မြို့တွေမှာ ပြန်လည်အခြေချ နေထိုင်တဲ့ပြည်သူတွေကို စစ်ကောင်စီဘက်က အကြမ်းဖက်တိုက်ခိုက်ဖို့ ညွှန်ကြားချက် တစ်စောင်ကို စက်တင်ဘာ ၁၃ ရက်က လျှို့ဝှက် ထုတ်ပြန်ထားပါတယ်။

ဒီညွှန်ကြားချက်မှာ အာရက္ခတပ်တော်ထိမ်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းက တိုက်ခိုက်မှာဖြစ်ပြီး အဲ့ဒီဒေသတွေမှာနေထိုင်တဲ့ ပြည်သူတွေဟာ ဒေသတွင်းက ပြန်လည် ထွက်ခွာရမယ် ဆိုပြီး ထည့်သွင်းထားပါတယ်။

” အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်ပါ ။ ပြည်သူက ဘယ်ကို ဆက်ပြေးရဖို့လဲ၊ လာကြဲရင် အသေခံဖို့ပဲ ရှိတယ် “ လို့ သံတွဲဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ဒီလို ညွှန်ကြားချက် မှာ အဆင့်မြင့်‌ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်မယ် လို့ လည်းပါဝင်ပါတယ်။

စစ်ကောင်စီ ဟာ မြေပြင်မှာ လက်လွှတ်ထားရတဲ့နေရာတွေ ကို လေကြောင်းက ဖိအားပေးတာတွေ စတင်လာတာဖြစ်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ ကျင်းပချင်နေတဲ့ သံတွဲ ၊ တောင်ကုတ် ၊ ဂွ ၊ အမ်း မြို့တွေက ပြည်သူတွေ အထူးသတိထားဖို့ လိုအပ်နေတယ် လို့ လည်း ရခိုင်နိုင်ငံရေး လေ့လာစောင့်ကြည် သူ တွေက သုံးသပ်ကြပါတယ်။

” သူပြချင်တာက ဒီနေရာတွေကို သူအချိန်မရွေးတိုက်ခိုက်နိုင်တယ်၊ သူ့ဆီက ဘယ်တော့မှ မလွတ်မြောက်ဘူး ဆိုတာ ပြချင်တာ ၊ သူလက်လွှတ်ရတဲ့ ဘယ်နေရာကို မဆို သူက ကြဲဖို့ ပဲ ၊ ဒါပေမယ့် သူလည်း ဘယ်လိုနည်းနဲ့ မှ ပြန်ရ စရာမရှိဘူး၊ ပြည်သူကို နာအောင်လုပ်ပြီး AA ကို ဖိအားပေးချင်တာ သက်သက်ပဲ ” လို့ လက်ရှိ စကစ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်ည က တောင်ကုတ်မြို့ကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး၊ စက်တင်ဘာ ၂၇ ရက်ည မှာ သံတွဲမြို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ဒီလအတွင်းမှာပဲ ကျောက်တော်မြို့က အထက်တန်းကျောင်း နှစ်ကျောင်း ကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ကျောင်းသူ ၊ ကျောင်းသား နှစ်ဆယ် ကျော်သေဆုံးခဲ့ပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *