Laywaddy FM

သံတွဲဒေသ ကို စကစဘက်က တန်ပြန်ထိုးစစ်ဆင်တဲ့ အသွင်နဲ့ တိုက်ခိုက်လာ

သံတွဲဒေသ ကို စကစဘက်က တန်ပြန်ထိုးစစ်ဆင်တဲ့ အသွင်နဲ့ တိုက်ခိုက်လာ

အာရက္ခအစိုးရ ထိမ်းချုပ်ထားတဲ့ သံတွဲဒေသ ကို စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ဆင်လာတဲ့ အသွင်နဲ့ ရေကြောင်း ၊လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာကို တွေ့ရပါတယ်။

စက်တင်ဘာ ၂၇ ရက်ညပိုင်းက သံတွဲမြို့ပေါ် အမှတ် (၄) ရပ်ကွက် ကို တိုက်ခိုက်ခဲ့ပြီး ၊ စက်တင်ဘာ ၂၈ ညပိုင်းမှာလည်း သံတွဲမြို့အနီးဝန်းကျင်ကို ဦးတည်ပြီး ရေတပ်နဲ့ လေတပ်က ထပ်မံတိုက်ခိုက်လာပါတယ်။

“ပဒဲကောရွာ ရဲ့ အနောက်ဘက် တောတွေကို ကြဲသွားပါတယ်။ လူထိခိုက်မှုမရှိပါဘူး၊ လောလောဆယ်တော့ လူထုက သတိထားနေကြပါတယ်။ သတင်းတွေ က အမျိုးမျိုးဖြစ်နေတော့ ပြန်ပြီး စစ်ရှောင်ရမလား ဘာလားဆိုတာ စောင့်ကြည့်နေကြပါတယ် ” လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် ညပိုင်းမှာ ရေတပ်က လက်နက်ကြီးနဲ့ ခြောက်ကြိမ်အထိ ပစ်ခတ်ခဲ့ပြီး နေအိမ်အချို့လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။

ကောင်စီ အသိုင်းအဝိုင်းမှာ သံတွဲဒေသကို တန်ပြန်ထိုးစစ်ဆင်မယ်ဆိုပြီး ဝါဒဖြန့်သတင်းတွေ ထုတ်လွှင့်ထားပါတယ်။

စစ်ကောင်စီ အသိုင်းအဝိုင်းထဲက ရရှိတဲ့ သတင်းအချက်အလက်အရ စက်တင်ဘာလထဲမှာ တန်ပြန်ထိုးစစ်ဆင်ဖို့ စစ်မှုထမ်းတွေကို စည်းရုံးထားတယ် လို့ ဆိုပါတယ်။

မြေပြင်အနေအထားအရ စစ်ကောင်စီ ဘက်က ဝင်ရောက်လာနိုင်တဲ့ ကုန်းကြောင်းလမ်းပိုင်းတွေ အားလုံးကို အာရက္ခတပ်တော် AA ဘက်က ပိတ်ဆို့ နေရာယူထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ ရေတပ် က ပစ်ခတ်မှုတွေ အတွက် ဒေသတွင်းပြန်လည်အခြေချသူတွေ အတွက် လုံခြုံရေး အစီအမံတွေ တိုးမြင့်လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

သံတွဲ ၊ တောင်ကုတ် ၊ ဂွ ၊ အမ်းမြို့နယ်က စစ်ကောင်စီဝန်ထမ်းတွေ ပြန်လည်စုစည်းဖို့ သ◌ြဂုတ်လ အတွင်းက စစ်ကောင်စီဘက်က ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။

ဒါအပြင် စက်တင်ဘာ ၁၃ ရက်မှာ ULA/AA ထိမ်းချုပ်နယ်မြို့တွေ ကို အဆင့်မြင့် လေကြောင်း ၊ ရေကြောင်းတိုက်ခိုက်မှုတွေ လုပ်မယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

9 thoughts on “သံတွဲဒေသ ကို စကစဘက်က တန်ပြန်ထိုးစစ်ဆင်တဲ့ အသွင်နဲ့ တိုက်ခိုက်လာ

  1. Alright! I’ve been having a little look into jlace and it seems pretty solid. Games are smooth and everything loads quickly. It’s got my recommendation! Go check it out and have a try: jlace

  2. Hello team!
    I came across a 153 valuable platform that I think you should take a look at.
    This resource is packed with a lot of useful information that you might find insightful.
    It has everything you could possibly need, so be sure to give it a visit!
    https://bestmarket.com.ng/2022/04/top-3-financial-metrics-to-keep-track-of-if-youre-an-entrepreneur/

    Furthermore do not forget, folks, — one constantly are able to inside the publication locate solutions for the most most confusing inquiries. Our team made an effort to present all information in the most most easy-to-grasp manner.

  3. Hello friends!
    I came across a 153 interesting resource that I think you should check out.
    This resource is packed with a lot of useful information that you might find valuable.
    It has everything you could possibly need, so be sure to give it a visit!
    https://enewsarea.com/22bet-online-registration-with-login-terms-conditions/

    Additionally do not neglect, folks, which a person at all times may within the publication locate solutions for your the very tangled inquiries. Our team made an effort to present all data via an most easy-to-grasp method.

Leave a Reply

Your email address will not be published. Required fields are marked *