စစ်ကောင်စီဘက် တိုက်ခိုက်လာတဲ့ ရေကြောင်း ၊ လေကြောင်း လက်နက်ကြီး အန္တာရာယ် ပိုမိုသတိထားကြဖို့ အာရက္ခအစိုးရက
ဒေသတွင်းနေထိုင်တဲ့ ပြည်သူတွေကို သတိပေးချက်တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။
အခုရက်ပိုင်းမှာ ULA/AA ထိမ်းချုပ်ထားတဲ့ မြို့ရွာတွေက ဆေးရုံ ၊ ဆေးခန်း ၊ စာသင်ကျောင်း နဲ့ သာသနာ့ အဆောက်အအုံတွေ ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတဲ့ အတွက် စက်တင်ဘာ ၂၉ ရက် မှာ သတိပေးချက်တစ်ရပ်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၉ ရက်နေ့လည်ခင်းမှာ ပလက်ဝမြို့ကို လေကြောင်းက တိုက်ခိုက်ခဲ့လို့ အမျိုးသမီး နှစ်ဦးသေဆုံးခဲ့ပါတယ်။
ဒါအပြင် စက်တင်ဘာ ၂၇ ၊ ၂၈ ရက်တွေမှာ လည်း တောင်ကုတ်နဲ့ သံတွဲမြို့တွေကို ဆက်တိုက် လေကြောင်း နဲ့ ရေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီ ရဲ့ လေကြောင်း နဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင်း စက်တင်ဘာ တစ်လတည်းမှာပင် အရပ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားပါတယ်။
လေးဝတီ FM