Laywaddy FM

ရခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဗျူဟာကြီး ကျသွားပြီ(AA နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ပထမဆုံးပူးပေါင်းထိုးစစ်အောင်ပွဲ)

ရခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဗျူဟာကြီး ကျသွားပြီ(AA နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ပထမဆုံးပူးပေါင်းထိုးစစ်အောင်ပွဲ)

ရခိုင်ရိုးမ ကျောရိုးပေါ်မှာရှိတဲ့ နတ်ရေကန် အမည်ရှိ စစ်ကောင်စီရဲ့ ခံစစ်ဗျူဟာကြီးကို အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေက အောက်တိုဘာ ၁၄ ရက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။

ဆယ်လနီးပါးထိုးစစ်ဆင်ခဲ့ရတဲ့ ဒီဗျူဟာကုန်းဟာ ရခိုင်ရိုးမရဲ့ အမြင့်ဆုံးနေရာမှာ ၊ စခန်းပေါင်း ၁၀ ခုနီးပါး နဲ့ ဗျူဟာ ကျကျ ခြံရံထားတာလည်းဖြစ်ပါတယ်။

ဒီဗျူဟာကုန်းကို အာရက္ခတပ်တော်ဘက်က ထိုးစစ်ဆင်ခဲ့ပြီး ရိုးမပေါ်မှာ တိုက်ပွဲဖြစ်နေတဲ့ ကာလတစ်လျှောက်လုံးမှာ ချင်းကာကွယ်ရေးတပ်နဲ့ အရှိုချင်းကာကွယ်ရေးတပ် ACDF ၊ မကွေးတိုင်း အခြေစိုက် PDF တပ်ရင်းတွေ၊ ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ လူထုတော်လှန်ရေး မဟာ မိတ်အင်အားစု PRA (မကွေး) တို့ က ဘက်ပေါင်းစုံက တက်လာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်ထိုးစစ်တွေကို အကြိမ်ကြိမ်ဖြတ်တောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရိုးမပေါ်မှာရှိတဲ့ ပင်မစခန်းကို သိမ်းလိုက်ပါပြီ ၊ စကစ ဘက်ကတော့ နောက်ထပ်အင်အားတွေနဲ့ ရိုးမခြေရင်းကို တက်လာပါတယ် ” လို့ မြေမြင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော်ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပေမယ့် ၊ ဒီဗျူဟာကုန်းကို သိမ်းပိုက်တဲ့ ထိုးစစ်မှာ ဆယ်လကျော်ကြာ ဟန်ချက်ညီညီကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

အာရက္ခတပ်တော်ဘက်က ရခိုင်ပြည်ထဲမှာ ရှိတဲ့ မြို့တွေကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီးဖြစ်သလို ၊ ရခိုင်ပြည်ကို တံတိုင်းလိုကာရံထားတဲ့ ရခိုင်ရိုးမပေါ်က စစ်ကောင်စီ ရဲ့ ဗျူဟာစခန်းတွေကိုလည်း သိမ်းပိုက်နေတာဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာ ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ရင် ရခိုင်ရိုးမတစ်ခုလုံးကိုလည်း ထိန်းချုပ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

ဒီစခန်းဟာ အမ်း-ပဒါန်းလမ်းပိုင်းပေါ်မှာရှိပြီး ရခိုင်ပြည်နယ် ၊ ပဲခူးတိုင်း နဲ့ မကွေးတိုင်း အတွက် အဓိက ကျတဲ့ စစ်ရေဗျူဟာလည်းဖြစ်ပါတယ်။

လေးဝတီFM

Kay Zue

Related Posts

4 thoughts on “ရခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဗျူဟာကြီး ကျသွားပြီ(AA နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ပထမဆုံးပူးပေါင်းထိုးစစ်အောင်ပွဲ)

  1. Its like you read my mind! You seem to know a lot about this, like you wrote the book in it or something. I think that you can do with a few pics to drive the message home a bit, but other than that, this is excellent blog. A fantastic read. I will definitely be back.

  2. Alright mates, just had a cracking session on 188betzokb! Site’s easy to navigate, even after a few cheeky pints. Great odds too, nabbed myself a decent win. Definitely worth a look-in. Check it out here: 188betzokb

Leave a Reply

Your email address will not be published. Required fields are marked *