Laywaddy FM

သံတွဲမြို့က လသားအရွယ် ကလေးငယ်တစ်ဦး ကော့စမွီဆေးရုံမှာဆေးကုသခံနေရပြီး အသက်ရှင်ရေး အတွက် အကူအညီလိုအပ်နေ

သံတွဲမြို့က လသားအရွယ် ကလေးငယ်တစ်ဦး ကော့စမွီဆေးရုံမှာဆေးကုသခံနေရပြီး အသက်ရှင်ရေး အတွက် အကူအညီလိုအပ်နေ

သံတွဲမြို့ ၊ အံတော်ရပ်ကွက်ကနေ ထိုင်းနိုင်ငံကို ကော့စမွီကျွန်းကို ရွှေ့ပြောင်းအလုပ်သမားအဖြစ် ရောက်ရှိနေတဲ့ မအိအိဇော်နဲ့ ကျန်းမာရေးချို့တဲ့ နေတဲ့ လသားအရွယ် ကလေးတို့ဟာ ဆေးကုသစရိတ်အရေးပေါ်လိုအပ်နေတယ် လို့ လေးဝတီ FM ကို အကူအညီတောင်းလာပါတယ်။

မအိအိဇော်က ကော့စမွီကျွန်းမှာ သူ့အမျိုးသားနဲ့ အတူနေထိုင်ရင်း အမွှာကလေးနှစ်ဦးကို မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် တစ်ဦးသာအသက်ရှင်ခဲ့ပြီး ၊ ကျန်တစ်ဦးမှာလည်း မွေးရာပါ ကျန်းမာရေးချို့တဲ့နေတယ်လို့ပြောပါတယ်။

“ကျန်ခဲ့တဲ့ ကလေးတစ်ယောက်က ခြေထောက်လေးတွေ မကောင်းဘူး၊ လျှာလည်းတိုနေတဲ့အတွက် အစားအသောက်လည်း မြိုချလို့မရဘူး၊ ခြေထောက်တွေကိုလည်း ကျောက်ပတ်တီးနဲ့ ထားရတယ်၊ ဆေးရုံမှာ လေးလလောက်ကြာပါပြီ ၊ သူ့အဖေက ပန်းရံလုပ်ပါတယ်။ ပန်းရံအလုပ်က ရသမျှလည်း ကလေးဆေးဖိုးပဲ အသုံးပြုပေမယ့် ကုသစရိတ်တွေမြင့်တဲ့အတွက် မတတ်နိုင်ဘူးဖြစ်နေပါတယ်။

ထိုင်းနိုင်ငံ မှာရှိတဲ့ ကူညီရေးအဖွဲ့တွေများ ကူညီနိုင်မလားလို့ အကူအညီတောင်းချင်ပါတယ်ရှင်” လို့ မိခင်ဖြစ်သူ မအိအိဇော်က ရင်ဖွင့်ပါတယ်။

ကလေးငယ်ဟာ မွေးဖွားချိန်က စပြီး အခုအချိန်အထိ ဆေးရုံမှာ လေးလကြာမြင့်ပြီဖြစ်ပြီး ကလေးငယ်ကို ထပ်မံခွဲစိတ်ဖို့ ငွေကြေးလိုအပ်နေတယ်လို့ ပြောပါတယ်။

မအိအိဇော်ကို ကူညီချင်သူတွေ အနေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်အောင် ၊ သူမရဲ့ တောင်းဆိုမှုအရ ကာယကံရှင်ရဲ့ ဖုန်းနံပတ်နဲ့ တကွ ၊ တင်ပေးလိုက်ပါတယ်။

သူတို့ သားအမိကို ကူညီချင်သူတွေ အနေနဲ့ မအိအိဇော်ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ် ။

ဒီကိစ္စအတွက် လေးဝတီ FM ကနေ ငွေကြေးလက်ခံပြီး လွှဲပြောင်းပေးခြင်းတော့ မဆောင်ရွက်ပေးပါဘူးရှင်။

မအိအိဇော် 0827658726

လေးဝတီ FM

Kay Zue

Related Posts

5 thoughts on “သံတွဲမြို့က လသားအရွယ် ကလေးငယ်တစ်ဦး ကော့စမွီဆေးရုံမှာဆေးကုသခံနေရပြီး အသက်ရှင်ရေး အတွက် အကူအညီလိုအပ်နေ

  1. Yo, downloading the 166BetApp right now. Mobile betting is everything these days! Gotta be smooth, fast, and easy to use. Hope this app delivers. Betting with 166betapp to see what the fuss is about!

  2. I have been exploring for a little bit for any high-quality articles or blog posts in this sort of space . Exploring in Yahoo I finally stumbled upon this website. Studying this info So i?¦m happy to express that I’ve an incredibly good uncanny feeling I came upon exactly what I needed. I most indisputably will make sure to do not disregard this website and give it a glance on a continuing basis.

Leave a Reply

Your email address will not be published. Required fields are marked *