ကျောက်ဖြူမြို့မှာ ပိတ်မိနေတဲ့ ခရီးသည်ရာနဲ့ချီထဲက တချို့ဟာ ဒေသခံပွဲစားတွေရဲ့ အစီအစဉ်နဲ့ ရေပြင်ကနေ ထွက်ခွာကြရာကနေ ၊ စစ်ကော်မရှင်နေဗီဆီမှာ ဖမ်းဆီးခံရတယ်လို့ သတင်းရရှိပါတယ်။
ကျောက်ဖြူနဲ့ မာန်အောင်ကြားကရေပြင်မှာ အောက်တိုဘာလထဲတွင်းက လူအယောက် ၁၀၀ကျော် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ် နဲ့ ပတ်သက်သူ တစ်ဦးနဲ့ လေးဝတီFM စကားပြောခွင့်ရခဲ့ပါတယ်။
“ပွဲစားတွေက သူတို့အစီအစဉ်နဲ့ လာခေါ်တာပါ။ ညသန်းခေါင်လောက်မှာ ကျောက်ဖြူနေထွက်ရတယ်လို့ပြောတယ်၊ ဖမ်းမိတယ်လို့ ကြားတဲ့ အချိန်က မနက်သုံးနာရီပါ။ နေဗီဖမ်းခံထားရလို့ မိန်းကလေးတွေက ပိုက်ဆံပေးရမယ်၊ ယောကျ်ားလေးတွေက စစ်မှုထမ်းသင်တန်းပို့ခံရမယ်လို့ ဆိုတယ် “လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူ က ပြောပါတယ်။
ပွဲစားတွေရဲ့ အကူအညီနဲ့ ရခိုင်ကို ပြန်ရောက်ခဲ့ပေမယ့် ကျောက်ဖြူမြို့မှာ ပိတ်မိနေသူတွေ အများအပြားရှိနေပါတယ်။ အဲ့ဒီအထဲက တချို့ဟာ မော်တော်ဘုတ်တွေ နဲ့ မြို့ကနေ ခိုးထွက်ရာကနေ ဖမ်းဆီးခံခဲ့ရတာတွေ ၊ ငွေညှစ်ခံရတာတွေ အပြင် ၊ စစ်မှုထမ်း သင်တန်းပို့ခံရတာတွေလည်းရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
နောက်ထပ်အခြေအနေ တစ်ခုက တော့ နိုဝင်ဘာလ ၈ ရက်က ရန်ကုန်ကနေ ရခိုင်ကို ပွဲစားလမ်းကြောင်းနဲ့ သွားရာမှာ
မကွေးတိုင်း ပွင့်ဖြူဂိတ်မှာ ၊ ခရီးသည်သုံးဦး ဖမ်းဆီးခံရပြီး တစ်ဦးလျှင် ၆၅ သိန်း နဲ့ ပြန်လည် ရွေးယူခဲ့ရတယ်လို့ သိရပါတယ်။
“အမျိုးသမီးပွဲစားတစ်ယောက်နဲ့ သွားတဲ့ ကိစ္စမှာ ၊ ပွင့်ဖြူဂိတ်မှာဖမ်းခံရတယ်၊ လူကိုထိုးပေးတယ်။ ရသေ့တောင်၊ မြောက်ဦး ၊ မင်းပြားက သုံးယောက် ၊တစ်ယောက်ကို ၆၅ သိန်းပေးခဲ့ရတယ်၊ တစ်ခေါက်မှာ တစ်ယောက်လောက် အမြဲတမ်း အဲ့ဒီလို ကြုံရတယ် ၊ ငါးယောက်မှာ တစ်ယောက် ၊ ဆယ်ယောက်မှာ တစ်ယောက် အမြဲတမ်း ထိုးကျွေးခံရတယ်” လို့ ပွဲစားလောက နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်ထဲကို ပြန်လည်ဝင်ရောက်လာသူတွေနဲ့ ၊ ရခိုင်ပြည်ထဲက ထွက်ခွာလိုသူတွေကြားထဲမှာ အကျိုးအမြတ်ရှာဖွေနေတဲ့ ပွဲစားတွေဟာ အခုလို ကိစ္စတွေ ဖြစ်ပေါ်လာပြီးနောက်ပိုင်း တစ်ဦးကို တစ်ဦး အပြစ်ပုံချနေတာကို တွေ့ရှိရပါတယ်။
လေးဝတီFM အနေနဲ့ ပွဲစားတွေရဲ့လူခေါ်အကောင့်တွေက တဆင့် စောင့်ကြည့်ရာမှာ ၊
ကျောက်ဖြူမှာ လူတွေ ပိတ်မိနေတဲ့ သတင်းတွေ ကို သတင်းဌာန တွေက တင်ဆက်ကြပြီးနောက်ပိုင်း၊
ကျောက်ဖြူလမ်းကြောင်းကို အခေါ်ရပ်သွားတာကို လည်းတွေ့ရပါတယ်။
ဒါပေမယ့် တခြားလမ်းကြောင်းသုံးခု လောက် က အကျယ်တဝင့်ခေါ်ယူနေကြတာကိုတွေ့ရပါတယ်။ ဒီလမ်းကြောင်းတွေက စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ လမ်းကြောင်းတွေ ဖြစ်ပါတယ်။
လေးဝတီFM
AZ888wiki ini lengkap banget infonya. Buat yang baru mau mulai, cocok banget buat belajar. Panduan gamenya jelas, jadi gak bingung pas main. az888wiki
Brazino777 lagi banyak dibicarain nih. Katanya sering kasih jackpot. Siapa tau rejeki nomplok. Dicoba aja deh, iseng-iseng berhadiah gitu… brazino777 by
JILIVS Casino oke juga nih buat nyoba game baru. Banyak pilihan, jadi gak bosen. Semoga aja hokinya di sini! jilivscasino