Laywaddy FM

ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် ဆေးပဒေသာပင် စိုက်ထူးပေးဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန ကမ်းလှမ်း

ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် ဆေးပဒေသာပင် စိုက်ထူးပေးဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန ကမ်းလှမ်း

ရခိုင်က ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ အခမဲ့ ဆေးကုသနိုင်ရေးအတွက် ဆေးပဒေသာပင် စိုက်ထူပေးဖို့ အဝေးရောက်ရခိုင်ပြည်သူတွေကို အာရက္ခအစိုးရကျန်းမာရေးဌာန က ကမ်းလှမ်းလိုက်ပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ က စတင်ပြီး ဆေးပဒေသာပင် လို့‌ ခေါ်တဲ့ မတည်ငွေထည့်ဝင်စိုက်ထူထားပြီး အဝေးရောက် ရခိုင်ပြည်သူတွေ နဲ့ ဆေးဘက်ဆိုင်ရာ မိတ်ဆွေတွေကို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

ဒီဆေးပဒေသာပင်ဟာ ရခိုင်ပြည်က ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ အတွက် ဆေးကုသစရိတ် နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရဲ့ သာရေး နာရေးအတွက် အသုံးပြုမယ် လို့ ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရခိုင်ပြည်မှာ ရှိတဲ့ မြို့ ၁၃ မြို့နဲ့ ပလက်ဝဒေသက အများပြည်သူ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို အာရက္ခအစိုးရ ကျန်းမာရေးဌာန က ဦးဆောင်လုပ်ကိုင်နေပါတယ်။

ကျန်းမာရေးဌာန အတွက် သားဖွား ၊ မီးယပ် နဲ့ တခြား ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း ခေါ်ယူထားပါတယ်။

လေးဝတီFM

Kay Zue

Related Posts

3 thoughts on “ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် ဆေးပဒေသာပင် စိုက်ထူးပေးဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန ကမ်းလှမ်း

  1. Just downloaded the xn88appcom app, and I’m impressed. Easy to navigate, and it didn’t crash on me (yet!). Gonna put it to the test with some football bets this weekend. Fingers crossed! xn88appcom

  2. Yo! F368bet has been treating me well. The bonuses are quite appealing, and the customer service was responsive when I had a small issue. Worth checking out for the promotions alone. Give f368bet a look.

  3. Fala, rapaziada! Tava vendo uns lances na Bet365BR04 e as opções parecem bem interessantes. Alguém já sacou alguma grana por lá? Queria saber se pagam direitinho! Espia só: bet365br04

Leave a Reply

Your email address will not be published. Required fields are marked *