Laywaddy FM

လေကြောင်းတိုက်ခိုက်ခံရမှု ဒုတိယနေ့ ကျောက်ဖြူမှာ အစုလိုက် အပြုံလိုက်သေဆုံးပြန်

လေကြောင်းတိုက်ခိုက်ခံရမှု ဒုတိယနေ့ ကျောက်ဖြူမှာ အစုလိုက် အပြုံလိုက်သေဆုံးပြန်

ရခိုင်ပြည်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနေ့မနက်မှာလဲ ကျောက်ဖြူမြို့နယ်ထဲမှာ အစုလိုက် အပြုံလိုက်ထပ်မံသေဆုံးရတယ်လို့ သတင်းရရှိပါတယ်။

ကျောက်ဖြူမြို့နယ် သိုင်းချောင်းနဲ့ မင်းပြင် စစ်ပွဲဧရိယာတွေကနေ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေ ခိုလုံရာ ငလုံးစု စစ်ရှောင်ကျေးရွာကို စစ်ကော်မရှင်က ပေါင်း ၅၀၀ ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။

ဒီဇင်ဘာ ၁၁ ညနေပိုင်းက စစ်ကော်မရှင်လေကြောင်းကနေ စစ်ရှောင်တွေ ရှိတဲ့ နေရာကို ကြဲချခဲ့ပြီး အမျိုးသမီး ၅ ဦး နဲ့ အမျိုးသား ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ULA/AA က အတည်ပြုပါတယ်။

“စစ်ဘေးရှောင်တွေ နေတဲ့ နေရာကိုတည့်တည့်ကျတယ်။ မိန်းကလေး တွေက ကလေးတွေများပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။

ဒါအပြင်နောက်ထပ် အရပ်သား ၁၀ ဦးကျော်လည်းထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ULA/AA ဘက်က ထုတ်ပြန်ပါတယ်။

မောင်သျှင် ၊ လေးဝတီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *