မြောက်ဦးဆေးရုံကြီးကို လေကြောင်းကတိုက်ခိုက်ခံရပြီး အရပ်သား ၃၀ ကျော်သေဆုံးခဲ့ရခြင်းကြောင့် စစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုကျူးလွန်သူ အဖြစ် အာဆီယံလွှတ်တော်ကိုယ်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)ကြေညာ ချက်ထုတ်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အရပ်သားတွေကုသနေတဲ့ ဆေးရုံ ကို အခုလို တိုက်ခိုက်ခံရပြီး ၊ စစ်ကော်မရှင်ဘက်ကဒီကျူးလွန်မှုကို တာဝန်ခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။
“မြောက်ဦးဆေးရုံကို တိုက်ခိုက်ခြင်းသည် အကာအကွယ်ပြုရမယ့် ၊ အရပ်သားများတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အခုလို ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်ခြင်းသည် စစ်အစိုးရ၏ လူသားမျိုးနွယ်အပေါ် လုံးဝ မထီမဲ့မြင်ပြုခြင်းကို ပြသတာဖြစ်ပါတယ်” လို့ အင်ဒိုနီးရှား လွှတ်တော်ကိုယ်စားလှယ်နှင့် APHR ရဲ့တာဝန်ရှိသူ မာစီ ခရစ္စတီ ဘာရိန်းစ် (Mercy Chriesty Barends) က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
စစ်ကော်မရှင်ဟာ ရခိုင်ပြည်က ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ မြို့တွေကို လေကြောင်းက မကြာခဏ တိုက်ခိုက်နေတာဖြစ်ပါတယ်။
နှစ်နှစ်အတွင်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ထောင်ကျော် သေဆုံးခဲ့တယ်လို့ HDCO က ထုတ်ပြန်ထားပါတယ်။
လေးဝတီFM
Just had a spin on 70bet12. Not too shabby, not too shabby at all! Might give it another go later.
Heard some buzz about shahspin, decided to check it out. It’s a fairly simple game, but sometimes that’s all you need! You can find it at shahspin