Laywaddy FM

မြောက်ဦးဆေးရုံကိုလေကြောင်းတိုက်ခိုက်မှုအပြီး၊ စစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုကျူးလွန်သူ အဖြစ်အာဆီယံလွှတ်တော်ကိုယ်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)ကြေညာ

မြောက်ဦးဆေးရုံကိုလေကြောင်းတိုက်ခိုက်မှုအပြီး၊ စစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုကျူးလွန်သူ အဖြစ်အာဆီယံလွှတ်တော်ကိုယ်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)ကြေညာ

မြောက်ဦးဆေးရုံကြီးကို လေကြောင်းကတိုက်ခိုက်ခံရပြီး အရပ်သား ၃၀ ကျော်သေဆုံးခဲ့ရခြင်းကြောင့် စစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုကျူးလွန်သူ အဖြစ် အာဆီယံလွှတ်တော်ကိုယ်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)ကြေညာ ချက်ထုတ်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အရပ်သားတွေကုသနေတဲ့ ဆေးရုံ ကို အခုလို တိုက်ခိုက်ခံရပြီး ၊ စစ်ကော်မရှင်ဘက်ကဒီကျူးလွန်မှုကို တာဝန်ခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။

“မြောက်ဦးဆေးရုံကို တိုက်ခိုက်ခြင်းသည် အကာအကွယ်ပြုရမယ့် ၊ အရပ်သားများတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အခုလို ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်ခြင်းသည် စစ်အစိုးရ၏ လူသားမျိုးနွယ်အပေါ် လုံးဝ မထီမဲ့မြင်ပြုခြင်းကို ပြသတာဖြစ်ပါတယ်” လို့ အင်ဒိုနီးရှား လွှတ်တော်ကိုယ်စားလှယ်နှင့် APHR ရဲ့တာဝန်ရှိသူ မာစီ ခရစ္စတီ ဘာရိန်းစ် (Mercy Chriesty Barends) က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

စစ်ကော်မရှင်ဟာ ရခိုင်ပြည်က ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ မြို့တွေကို လေကြောင်းက မကြာခဏ တိုက်ခိုက်နေတာဖြစ်ပါတယ်။

နှစ်နှစ်အတွင်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ထောင်ကျော် သေဆုံးခဲ့တယ်လို့ HDCO က ထုတ်ပြန်ထားပါတယ်။

#မြောက်ဦး

လေးဝတီFM

Kay Zue

Related Posts

3 thoughts on “မြောက်ဦးဆေးရုံကိုလေကြောင်းတိုက်ခိုက်မှုအပြီး၊ စစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုကျူးလွန်သူ အဖြစ်အာဆီယံလွှတ်တော်ကိုယ်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)ကြေညာ

  1. E aí, galera! Descobri o QQ88Asia1 recentemente e tô de olho nos jogos deles. Alguém já experimentou? Queria saber se a experiência é boa antes de colocar minha grana. Dá uma olhada: qq88asia1

Leave a Reply

Your email address will not be published. Required fields are marked *