Laywaddy FM

ကျောက်ဖြူ မင်းပြင်ရေဒါစခန်း အနီးကို လေကြောင်း တိုက်ခိုက်နေ

ကျောက်ဖြူ မင်းပြင်ရေဒါစခန်း အနီးကို လေကြောင်း တိုက်ခိုက်နေ

ကျောက်ဖြူ မြို့နယ် ၊ မင်းပြင်ရွာက လက်လွှတ်ခဲ့ရတဲ့ ရေဒါစခန်း အနီးဝန်းကျင်ကို ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မနက်ပိုင်းမှာ စစ်ကော်မရှင်လေကြောင်းက ဖျက်ဆီးတိုက်ခိုက်နေပါတယ်။

ရခိုင်တစ်ပြည်လုံးနီးပါးကို လေကြောင်းက အပြင်းအထန်တိုက်ခိုက်နေပြီး လက်လွှတ်ထားရတဲ့နေရာတွေ ပြန်လည်ရရှိရေး ပြည်သူကို အကြမ်းဖက်နေတာဖြစ်ပါတယ်။

“မင်းပြင်ရေဒါစခန်း အနီးအနား ကိုရော ရွာထဲကို ရော ဒီနက်မှာလာကြဲပါတယ်၊ အပျက်အစီးအထိအခိုက်များပါတယ်” လို့ ကျောက်ဖြူ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကော်မရှင်ဟာ မနေ့ညနေပိုင်းက မြောက်ဦး ၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင် ၊ပေါက်တော မြို့တို့ကို တိုက်ခိုက်ခဲ့ပြီး ၊ ဒီနေ့မနက်မှာ ကျောက်ဖြူနဲ့ ဂွမြို့ကို လေကြောင်းက ဆက်လက်တိုက်ခိုက်နေတာပါ။

လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာတဲ့ အတွက် ဒေသတွင်းပြည်သူတွေ လေကြောင်းလုံခြုံရေး ဂရုစိုက်ကြဖို့ ULA/AA ဘက်က ထုတ်ပြန်ထားပါတယ်။

Laywaddy FM

Kay Zue

Related Posts

2 thoughts on “ကျောက်ဖြူ မင်းပြင်ရေဒါစခန်း အနီးကို လေကြောင်း တိုက်ခိုက်နေ

  1. Thanks a bunch for sharing this with all of us you actually know what you are talking about! Bookmarked. Kindly also visit my web site =). We could have a link exchange arrangement between us!

Leave a Reply

Your email address will not be published. Required fields are marked *