Laywaddy FM

အောက်ဆီဂျင် နဲ့ အရေးပေါ်အသက်ရှင်ရေးအထောက်အကူတွေ မြောက်ဦးလူနာတွေ အတွက်လိုအပ်နေ

အောက်ဆီဂျင် နဲ့ အရေးပေါ်အသက်ရှင်ရေးအထောက်အကူတွေ မြောက်ဦးလူနာတွေ အတွက်လိုအပ်နေ

မြောက်ဦး ဆေးရုံတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ပြင်းထန်ဒဏ်ရာ ရရှိသူတွေအတွက် အောက်စီဂျင် အပါအဝင် အရေးပေါ်အသက်ရှင်ရေး ဆေးဝါးအထောက်အကူတွေ လိုအပ်နေတယ်လို့ အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်နေသူတွေ ဆီက သတင်းရရှိပါတယ်။

မြောက်ဦးဆေးရုံကို တိုက်ခိုက်ခံရပြီးနောက်မှာ ဒဏ်ရာ ရရှိသူတွေထဲက အသက်လုနေရတဲ့ လူနာတွေ အတွက် ၊ အရေးပေါ်အသက်ကယ်ရေး ဆေးဝါးပစ္စည်းတွေ လိုအပ်နေတာဖြစ်တယ်လို့ အာရက္ခအစိုးရ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

“အောက်စီဂျင်ဗူးတွေ ၊ ကုတင်တွေ ၊ ခွဲစိပ်ခန်းသုံးပစ္စည်းတွေ တော်တော်များများလိုနေပါတယ်။ ဒါတွေမရရင် ဒဏ်ရာ ရတဲ့ လူတွေထဲက ပြင်းထန်တဲ့ သူတွေ ဆုံးရှုံးနိုင်ပါတယ် ” လို့ အာရက္ခအစိုးရ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ဝင်တစ်ဦးပြောပါတယ်။

အာရက္ခအစိုးရ ရဲ့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း “မြောက်ဦးဆေးရုံကြီးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝ ရပ်ဆိုင်းသွားပြီး ၊ ဝေဒနာရှင်များအခက်အခဲများစွာကြုံနေရပြီး ၊ အချိန်မှီဆေးကုသခွင့်မရသောကြောင့် အသက်ဆုံးရှုံးနေကြရသည်” လို့ ထုတ်ပြန်ထားပါတယ်။

တခါ ULA/AA ရဲ့ ထုတ်ပြန်ချက်မှာလည်း ဆေးရုံသုံးပစ္စည်းတွေနဲ့ ဆေးဝါးအကူအညီတွေကို အကူအညီပေးကြဖို့ ထုတ်ပြန်တောင်းဆိုထားပါတယ်။

လေးဝတီFM

Kay Zue

Related Posts

10 thoughts on “အောက်ဆီဂျင် နဲ့ အရေးပေါ်အသက်ရှင်ရေးအထောက်အကူတွေ မြောက်ဦးလူနာတွေ အတွက်လိုအပ်နေ

  1. Need a multimedia system? equipment for lecture halls We integrate multimedia systems for home and business. We install and configure audio and video systems, manage content, and integrate equipment into a single system. Modern solutions for comfortable and efficient use of technology.

Leave a Reply

Your email address will not be published. Required fields are marked *