မြောက်ဦး ဆေးရုံတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ပြင်းထန်ဒဏ်ရာ ရရှိသူတွေအတွက် အောက်စီဂျင် အပါအဝင် အရေးပေါ်အသက်ရှင်ရေး ဆေးဝါးအထောက်အကူတွေ လိုအပ်နေတယ်လို့ အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်နေသူတွေ ဆီက သတင်းရရှိပါတယ်။
မြောက်ဦးဆေးရုံကို တိုက်ခိုက်ခံရပြီးနောက်မှာ ဒဏ်ရာ ရရှိသူတွေထဲက အသက်လုနေရတဲ့ လူနာတွေ အတွက် ၊ အရေးပေါ်အသက်ကယ်ရေး ဆေးဝါးပစ္စည်းတွေ လိုအပ်နေတာဖြစ်တယ်လို့ အာရက္ခအစိုးရ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။
“အောက်စီဂျင်ဗူးတွေ ၊ ကုတင်တွေ ၊ ခွဲစိပ်ခန်းသုံးပစ္စည်းတွေ တော်တော်များများလိုနေပါတယ်။ ဒါတွေမရရင် ဒဏ်ရာ ရတဲ့ လူတွေထဲက ပြင်းထန်တဲ့ သူတွေ ဆုံးရှုံးနိုင်ပါတယ် ” လို့ အာရက္ခအစိုးရ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ဝင်တစ်ဦးပြောပါတယ်။
အာရက္ခအစိုးရ ရဲ့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း “မြောက်ဦးဆေးရုံကြီးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝ ရပ်ဆိုင်းသွားပြီး ၊ ဝေဒနာရှင်များအခက်အခဲများစွာကြုံနေရပြီး ၊ အချိန်မှီဆေးကုသခွင့်မရသောကြောင့် အသက်ဆုံးရှုံးနေကြရသည်” လို့ ထုတ်ပြန်ထားပါတယ်။
တခါ ULA/AA ရဲ့ ထုတ်ပြန်ချက်မှာလည်း ဆေးရုံသုံးပစ္စည်းတွေနဲ့ ဆေးဝါးအကူအညီတွေကို အကူအညီပေးကြဖို့ ထုတ်ပြန်တောင်းဆိုထားပါတယ်။
လေးဝတီFM
I explored 99okorg when I was looking for the newest games to try out and they really had everything I needed. Really enjoyable! Check them out here: 99okorg
This design is wicked! You definitely know how to keep a reader amused. Between your wit and your videos, I was almost moved to start my own blog (well, almost…HaHa!) Fantastic job. I really loved what you had to say, and more than that, how you presented it. Too cool!