Laywaddy FM

ဒကစ ဗိုလ်မှူးတစ်ဦး ၊ဗိုလ်ကြီးတစ်ဦး AA လက်နက်ကြီး ထိမှန် သေဆုံး

ဒကစ ဗိုလ်မှူးတစ်ဦး ၊ဗိုလ်ကြီးတစ်ဦး AA လက်နက်ကြီး ထိမှန် သေဆုံး

စစ်တွေမြို့အခြေစိုက် ဒေသကွက်ကဲမူစစ်ဌာနချုပ် (ဒကစ) ဝန်းထဲကို အာရက္ခတပ်တော် AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဗိုလ်မှူးအဆင့် တစ်ဦးနဲ့ ၊ ဗိုလ်ကြီးအဆင့်တစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာ ၁၄ ရက်ညပိုင်းမှာ AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် က ဒကစ အရာရှိအဆောင်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၊

ဗိုလ်မှူးတစ်ဦးနဲ့ ဗိုလ်ကြီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တာ ဖြစ်တယ်လို့ စစ်တွေ စစ်ရေးသတင်းရင်းမြစ်က လေးဝတီFM ကို အတည်ပြုပါတယ်။

ဒဏ်ရာရ တဲ့ အချို့တပ်ဖွဲ့ဝင်တွေကိုကုတင် ၁၀၀ တပ်ဆေးရုံတွင်တင်ထားရတယ် လို့ သတင်းရရှိပါတယ်။

“မနေ့ညကတော့ပစ်နေတာ အသံတွေဆူညံနေတာဘဲ၊ စကမဘက်က တပ်မိသားစု တွေ မြို့ထဲကိုထွက်ပြေးလာတာရှိတယ်၊ လူကြီးပိုင်းတွေ သေကြတယ် ” လို့ စစ်တွေမြို့ စစ်ကော်မရှင် နဲ့ နီးစပ်သူ တစ်ဦးက အတည်ပြုပါတယ်။

စစ်တွေ မြို့ အခြေစိုက်တပ်ရင်းတွေကနေ ULA/AA ထိန်းချုပ်ထားတဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ၊ နှစ်ဖက် အပြန်အလှန်ပစ် လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေကြတာ ဖြစ်ပါတယ်။

မနေ့ညက လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ရေချမ်းပြင် တပ်မတော်ဆေးရုံကုတင် ၁၀၀ နဲ့ စစ်တွေပြည်သူ့ဆေးရုံကြီးကို ညဉ့်တွင်းချင်း ပို့ဆောင်ပြီးအရေးပေါ် ဆေးကုသပေးနေရတယ် လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

“ဒဏ်ရာရတဲ့ ပြည်သူ့စစ်တပ်သား တွေကို ကုတင် ၁၀၀ ဆေးရုံမှာ မဆန့်လို ၊ ညတွင်းချင်း စစ်တွေ ဆေးရုံကြီးကို ပို့ကြတယ်” လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

နှစ်ဖက်လက်နက်ကြီး ပစ်ခတ်မှုမှာ အထိနာတဲ့ စစ်ကော်မရှင်ဟာ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်မနက်ပိုင်းမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်တို့ က နေရာအချို့ကို ဒရုန်း တွေ နဲ့ အဆက်မပြတ် ဝဲပြီးကင်းထောက်နေတယ်လို့ သိရပါတယ်။

ဒါအပြင် ၁၅ မိနစ် ခန့် ကြာလျှင် တစ်ကြိမ်နှုန်းနဲ့ ရေတပ် နဲ့ အမြှောက်တပ်က လက်နက်ကြီး တွေ နဲ့ အပြင်းအထန် ပစ်ခတ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေ နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ အခုရက်ပိုင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး ၊ နှစ်ဖက်

စလုံးက အပြင်းအထန် ထိုးစစ်ပြန်ဆင်နေကြတာဖြစ်ပါတယ်။

စစ်ကော်မရှင် ဘက်က အရာရှိပိုင်းတွေလည်း ဒီရက်ပိုင်းမှာ သေကြေကြလို့ ၊ ဒီဇင်ဘာ ၁၁ ရက်နေ့က စစ်ကော်မရှင် အရာရှိမိသားစုတွေ ကျောက်ဖြူ ကို လာပြီး သဂြို်ဟ် လိုက်ရပါသေးတယ်။

လေးဝတီ FM

Kay Zue

Related Posts

2 thoughts on “ဒကစ ဗိုလ်မှူးတစ်ဦး ၊ဗိုလ်ကြီးတစ်ဦး AA လက်နက်ကြီး ထိမှန် သေဆုံး

  1. There are actually numerous details like that to take into consideration. That could be a great point to bring up. I provide the thoughts above as normal inspiration however clearly there are questions just like the one you bring up the place a very powerful thing will be working in sincere good faith. I don?t know if greatest practices have emerged round things like that, however I am sure that your job is clearly identified as a good game. Each boys and girls really feel the impression of just a second’s pleasure, for the rest of their lives.

Leave a Reply

Your email address will not be published. Required fields are marked *