ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ မွတ်ဆလင်ရပ်ကွက်ဖြစ်တဲ့ ဘုမေ အမည်ရှိတဲ့ ရပ်ကွက်က အသက် (၃) နှစ်အရွယ်
ကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရပြီး ဒီကလေး ကို ငွေကျပ် သိန်းတစ်ရာနဲ့ ပြန်ရွေးဖို့ ပြန်ပေးဆွဲသူတွေက
အသိပေးခဲ့ပါတယ် လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သိရပါတယ်။
ဒေသတွင်း သတင်းတွေမှာ ဒီပြန်ပေးမှုဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ဒေါ်စောမြရာဇာလင်း ရဲ့ ALP တပ်ဖွဲ့ဝင်တွေရဲ့
လက်ချက်ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP အဖွဲ့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး ပြန်ပေးဆွဲခံရတဲ့ ကလေးငယ်ကို မိဘ
လက် ပြန်အပ်နှံဖို့ မေတ္တာရပ်ခံတဲ့ ထုတ်ပြန်ချက် တစ်စောင် ကို မတ်လ ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာ \” ပြည်သူအခက်အခဲဖြစ်နေချိန် မိမိတို့ အခြေစိုက်ရာ ဒေသများတွင် ခိုးဆိုးလုယက်ခြင်း ၊
ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း ၊ မိမိတို့အားမကောင်းသတင်း လုပ်ကြံဖန်တီးခြင်း စတဲ့ မကောင်းမှု ဒုစရိုက်များကို
ရပ်တန်းက ရပ်ပါရန် ပြင်းထန်စွာသတိပေးလိုက်သည်\” လို့ ထည့်သွင်း ဖော်ပြထားပါတယ်။
ဦးဆောင်တဲ့ ALP ဟာ လတ်တလောမှာ နှစ်ခြမ်းကွဲနေပြီး ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ငြိမ်းချမ်းရေး စာချုပ်
အကြောင်းပြကာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။
\”ဒီလောက်အပြင်းအထန် စစ်ကောင်စီကို ချေမှုန်းနေတဲ့ကာလ မှာ နံပတ်(၁) က သူက စစ်ကောင်စီနဲ့ ပူးပေါင်းနေ တဲ့
အတွက် ရခိုင်ပြည်သူအတွက် သစ္စာဖောက်ပဲ ၊ နံပတ် (၂) ကတော့ ဒီကာမှာ သူတို့ အနေနဲ့ သူတို့
အခြေစိုက်တဲ့နေရာမှာတောင် ခိုးဆိုးလုယက်မှုတွေမှာ သူတို့ နာမည်ထွက်နေတယ် ၊ သူတို့ ယူနီဖောင်းနဲ့ လက်နက်နဲ့ ဒါကို
ကြည့်ရင် သူတို့ဟာ ရခိုင်ပြည် အတွက် အမှိုက်သာသာပဲ \” လို့ ရခိုင်နိုင်ငံရေး သမားတစ်ဦးက ပြောပါတယ်။
NCA စာချုပ် ချုပ်ဆိုထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တရားဝင်
ဆက်ဆံရေး ဖွင့်ခွင့်ရထားပြီး စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးခြင်း နဲ့ အဝင်အထွက် ဂိတ်များမှာ စောင့်ကြပ်
စစ်ဆေးခြင်းတို့ကို လည်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တာဝန်ယူထားပါတယ်။