ရခိုင်ပြည်နယ် ရသေ့တောင်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ရခိုင့်တပ်တော် AA ဟာ
ရခိုင်ပြည်နယ်တွင်းက မြို့ အားဖြင့် ၁၇ မြို့ ရှိတဲ့ အနက် မြို့ ၈ မြို့ကို သိမ်းပိုက်ပြီး ဒါဟာ
ရခိုင်ပြည်နယ် ရဲ့ ထက်ဝက်ကို ရရှိသွားတာလည်းဖြစ်ပါတယ်။
ပေါက်တော၊ မင်းပြား ၊ ကျောက်တော် ၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ ၊ ရသေ့တောင် စ
တဲ့ မြို့တွေကို သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင် နဲ့ မောင်တော မြို့တွေကို
ဆက်လက်ထိုးစစ်ဆင်နေ ဆဲ ဖြစ်တယ် လို့ ရခိုင့်တပ်တော် AA က
တရားဝင်ထုတ်ပြန်ထားပါတယ်။
\”ရခိုင်မှာ က မြို့မှာ ဟိုးယခင်ကပဲ နေရာယူထားတဲ့ တပ်ရင်းတပ်ဖွဲ့ ဧရိယာ တွေက မြို့ဧရိယာ
ထက် ကျယ်ပါတယ်၊ ဒါပေမယ့် ဒီနှုန်းနဲ့ ဆို စစ်ကောင်စီလည်း မကြာပါဘူး \” လို့ ရခိုင်ဒီမိုကရေစီ
အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။
အမ်း၊ စစ်တွေ ၊ ကျောက်ဖြူ ၊ မာန်အောင် ၊ တောင်ကုတ် ၊ သံတွဲ ၊ ဂွ စတဲ့ မြို့တွေ ဟာ
စစ်ကောင်စီ လက်အောက်မှာ ရှိနေပြီး စစ်မှုထမ်း ဥပဒေ အောက်မှာ စစ်သား
စုဆောင်းခံနေရတာလည်း ဖြစ်ပါတယ်။
ပေါက်တော ၊ ရသေ့တောင် ၊ ပုဏား ကျွန်း စတဲ့ မြို့သုံးမြို့က ပတ်လည် ဝန်းရံ ထားတဲ့
စစ်တွေမြို့ ဟာ ဒီမြို့ သုံးမြို့လုံးကို AA က သိမ်းပိုက်ထားပြီးဖြစ်လို့ ထွက်ပေါက်တွေ အားလုံး
ပိတ်သွားပြီလည်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ စစ်အင်အား ရဲ့ ထက်ဝက် ကျော်ကိုလည်း ရခိုင့်တပ်တော် AA ထံ
ကျရှုံးခဲ့ပြီဖြစ်ပါတယ်။
မတ်လ ၁၈ ရက်က ရသေ့တောင်အခြေစိုက် ခမရ (၅၃၆) ၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈ )
တပ်ရင်းသုံးခု ကို အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။ ဒါအပြင် မတ်လ ပထမ ပတ်က တိုင်းဗဟို
(၉) လက်အောက်မှာ ရှိတဲ့ လေ့ကျင့်ရေး သင်တန်းကျောင်းကိုလည်း
သိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။
ပုဏ္ဏား ကျွန်းအခြေစိုက် ခမရ (၅၅၀) ၊ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) ၊ ခမရ (၃၇၅)
ခမရ (၃၇၆) မြောက်ဦးအခြေစိုက် ခမရ(၅၄၀) ၊ခမရ (၃၇၇) ၊ ခမရ(၃၇၈) ၊
မင်းပြားအခြေစိုက် ခမရ (၃၇၉)၊ ခမရ (၃၈၀) ခမရ(၅၄၁) ၊ ကျောက်တော် အခြေစိုက် ခမရ
(၅၃၉) တပ်ရင်းတွေကိုလည်း သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။