ရခိုင်ပြည်နယ် သံတွဲမြို့ အကျဉ်း ထောင်အနီး က လူနေရပ်ကွက်မှာ မတ်လ ၂၃ ရက် နေ့လည် ၁၁
နာရီ ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ငါးလုံး မီးထဲ ပါသွားတယ်လို့
သတင်းရရှိပါတယ်။
အကျဉ်းထောင်နဲ့ မျက်နှာချင်းဆိုင်ရပ်ကွက်ထဲက လမ်းသွယ်ထဲက နေအိမ်တွေ
လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဒီ လမ်းသွယ်ထဲကို မီးသတ်ကား ဝင်လို့ မရဘူးလို့လည်း
ဒေသခံတွေက ပြောပါတယ်။
\”တကယ်ဆိုရင် မီးသတ်နဲ့ က လမ်းလျှောက်ရင်တောင် ငါးမိနစ်ပဲ ဝေးပါတယ် ၊ မီးလောင်တာ က
အရမ်းမြန်ပြီး တစ်နာရီလောက်အတွင်းမှာ တစ်အိမ်ပြီး တစ်အိမ်ကူးသွားတာ ဖြစ်ပါတယ်\” လို့
သံတွဲဒေသခံ တစ်ဦးကပြောပါတယ်။
သံတွဲမြို့ အကျဉ်းထောင် ၊ သံတွဲ စာတိုက်၊ မြို့မ ဈေးတို့နဲ့ အခု မီးလောင်တဲ့ နေရာဟာ
လမ်းလျှောက်ရင် ငါးမိနစ် အကွာမှာ ရှိတဲ့ အတွက် အချိန်မှီ မီးငြိမ်းမသတ်နိုင်ရင် အန္တာရယ် ရှိတဲ့
အနေ အထားလည်းဖြစ်ပါတယ်။