ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်က စစ်စခန်းတွေကို ရခိုင့်တပ်တော်
AA က စတင်ပြီး ထိုးစစ်ဆင် သိမ်းပိုက် နေပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် အမ်းမြို့အခြေစိုက် တဲ့ စစ်ကောင်စီရဲ့ အမ်း-တပ်တောင်
ကားလမ်းပိုင်းပေါ်က စစ်ကောင်စီ ထောက်ပို့တပ် ၉၂၆ တပ်ခွဲကို ရခိုင့်တပ်တော် AA က ဒီကနေ့
မတ်လ ၂၇ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီက ဒီစခန်းတွေ အနီးက ကျေးရွာတွေကို
လေကြောင်းက တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒီထောက်ပို့တပ်ခွဲဟာ အမ်း-တပ်တောင် လမ်းပိုင်းပေါ်မှာ ရှိပြီး ဌာနချုပ်နဲ့ မိုင်အနည်းငယ်သာ
ကွာဝေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မတ်လ ၂၅ ရက်ကလည်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် မှာ ရှိတဲ့ စကခ ၁၅
လက်အောက်က ခမရ ၅၂၂ တပ်ရင်းနဲ့
တမန်းသား ရဲစခန်းတို့ကို AA က သိမ်းပိုက်ခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်လက်အောက်မှာ စကခ (၉)
လက်အောက်ခံတပ်ရင်း များ ၊ စကခ (၁၅) လက်အောက်ခံတပ်ရင်းများ ၊ ဒကစ(စစ်တွေ )
လက်အောက်ခံတပ်ရင်း တွေ ရှိ နေတာဖြစ်ပါတယ်။
ဒီအထဲက စကခ ၉ လက်အောက်ခံတပ်ရင်းဆယ်ရင်း လုံးကို AA က သိမ်းပိုက်ထားပြီး ၊ စကခ
(၁၅ ) နဲ့ ဒကစ(စစ်တွေ) လက်အောက်ခံ တပ်ရင်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ
ဖြစ်ပါတယ်။