စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှရဲ့ မွေးရပ်မြေဖြစ်တဲ့
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဇီးကျွန်းကျေးရွာဟာ စစ်မှုထမ်းဖို့ မဲနှိုက်မယ့်စာရင်းမှာ
ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။
\”သံတွဲခရိုင်ထွေအုပ်ရုံးက ပထမတော့ ဒေါ်ကြူကြူလှရဲ့ အမျိုးတွေကို ပဲ
စစ်မှုထမ်းကင်းလွတ်ခွင့် ကဒ်တွေထုတ်ပေးထားတယ် ကျေးရွာသားတွေက လည်း ဒါဆိုရင်
တော့ မဖြစ်ဘူးဆိုပြီး မိဘတွေ စုပြီး ဥက္ကဌ ကို ညှိနှိုင်းကြတာပေါ့ ၊ ဥက္ကဌက သူတင်ပြမယ်ဆိုပြီး
အခုတော့ တစ်ရွာလုံး မဲနှိုက်ရမယ့် စရင်းမှာ မပါတော့ဘူး\” လို့ ဇီးကျွန်းကျေးရွာ
အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အောက်နတ်မော်ကျေးရွာအုပ်စု ဇီးကျွန်းကျေးရွာမှာ အိမ်ခြေ တစ်ထောင်နီးပါးရှိပြီး အသက် ၁၈
နှစ်ကနေ ၃၀ နှစ်ကြားဦးရေမှာလည်း ရာဂဏန်း ကျော်ရှိတယ်လို့ ဇီးကျွန်းကျေးရွာနဲ့ နီးစပ်သူ
တစ်ဦးကပြောပါတယ်။
သံတွဲခရိုင်ထဲက ဇီးကျွန်းကျေးရွာမှာ ဒေါ်ကြူကြူလှ ရဲ့ စီစဉ်မှုနဲ့ လေယာဉ်ကွင်း
တည်ဆောက်ထားပြီး တခြားကျေးရွာတွေထက် လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်အောင်စီစဉ်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် သံတွဲ ၊ တောင်ကုတ် နဲ့ ဂွ မြို့နယ် တွေမှာ စစ်မှုထမ်းဥပဒေ အရ မဲနှိုက်တာတွေ
စစ်သင်တန်းပေးတာတွေကို ဒုတိယ အသုတ်အနေ နဲ့ ခေါ်ယူနေပြီး ၊ မူလစရင်းပေးထားတဲ့
လူဦးရေ စာရင်းအရ ဆင့်ခေါ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
\”သူတို့ အိမ်တိုင်းစေ့ ကောက်တဲ့ စရင်းထဲမှာ ပါတဲ့သူက နောက်တစ်ခေါက်မှာ အဲ့ဒီအိမ်မှာ
မရှိတော့ရင် အိမ်ကလူတွေကို ဖမ်းမယ်လို့ ပြောထားတယ် \” ဟု သံတွဲမြို့နယ် က
ဒေသခံတစ်ဦးကပြောပါတယ်။
သံတွဲ မြို့နယ်မှာ ပထမ တစ်သုတ် ခေါ်ယူသင်တန်းပေးထားတဲ့
အသက်အရွယ်အပိုင်းအခြားတွေဟာ ၁၈ နှစ်ကနေ ၅၀ နှစ်အထိ ပါဝင်နေပြီး ၊ ဒုတိယ တစ်သုတ်
အနေနဲ့ ၁၄ နှစ်က နေ ၃၅ နှစ်အထိ ထပ်မံကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီလို ခေါ်ယူစစ်သင်တန်းပေးထားတဲ့ လူငယ်တွေကို ငပလီ အခြေစိုက် ၅၅ တပ်ရင်းမှာ
စစ်သင်တန်းပေးပြီး စစ်ကားတွေနဲ့ နေ့စဉ် ကင်းလှည့်ခိုင်းနေတယ် လို့ လေးဝတီ FM က
စုံစမ်းသိရှိရပါတယ်။
A convenient car catalog auto ae catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.
Montenegro yacht charter https://rent-a-yacht-montenegro.com
References:
G casino reading https://casino-cn.online-spielhallen.de/
References:
Sunmaker Spielhalle Spielhalle Siegburg
References:
Slots for fun no download https://body-positivity.org