စစ်ကောင်စီဟာ တောင်ကုတ်နဲ့ အမ်းကြားက ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး
ဒေသခံလူငယ် သုံးဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသ
သတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။
တောင်ကုတ်မြို့နယ် ဆားပြင်၊ ကင်းတောင်၊ နွားချောင်း၊ ဘူးသီးကွင်း ၊ စတဲ့ ကျေးရွာတွေကို
စစ်ကြောင်းထိုးခဲ့ပြီး ကင်းတောင်ရွာ မှာ ကင်းပုန်းချထားတယ်လို့ ဆိုပါတယ်။
\”သူတို့စစ်ကြောင်းထိုးတဲ့ လမ်းမှာ တောင်ပေါ်မှာ ဟင်းရှာနေတဲ့ ကောင်လေးသုံးယောက်ကို
ဖမ်းသွားပါတယ် ၊အဲ့ဒီဘက်က လူငယ်တွေ ကို တခြားနေရာတွေကို ရွေ့ပြောင်းကြဖို့ လိုပါတယ်၊
အဲ့ဒီကောင်တွေ ရပ်ရွာတွေထဲရောက်လာရင် အသက်၊ အိုးအိမ် ရော ၊ ရှိတဲ့ဆန်စပါးတွေ ပါ
မလုံခြုံတော့ဘူး \” လို့ ကင်းတောင်ဒေသခံ က ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ အင်အား ၁၂၀ ခန့်ရှိပြီး ကင်းတောင်ကျေးရွာအနီးမှာ ကင်းပုန်းတွေ
ချထားတယ်လို့ဆိုပါတယ်။ ဒါအပြင် အမ်း-ပဒါန်းကားလမ်းပိုင်းပေါ်မှာလည်း ကင်းပုန်းတွေ
ချထားပြီး အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့နယ်ထဲက ကျေးရွာတွေကို အခုလို စစ်ကြောင်းထိုးနေတဲ့ အတွက် ဒေသခံ
လူငယ်တွေ ဟာ နီးစပ်ရာတောအုပ်တွေထဲ က စဉ့်ကလျားထွက်ပြေးနေရတယ်လို့လည်း
ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ အဲ့ဒီလို စစ်ကြောင်းထိုးရာ ကျေးရွာတွေမှာ ဒေသခံတွေကို လူသားဒိုင်းအဖြစ်
ဖမ်းဆီးခေါ်ဆောင် လေ့ရှိပါတယ်။
(1) Facebook