Laywaddy FM

သံတွဲက စားသောက်ကုန်ဆိုင်အချို့ သက်တမ်းလွန်စားသောက်ကုန်များ ရောနှောရောင်းချနေ

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ရှိ စားသောက်ကုန်‌ရောင်းချနေတဲ့ ကုန်စုံဆိုင်အချို့ဟာ
သက်တမ်းကုန် စားသောက်ကုန်တွေ ကို ရောနှောရောင်းချနေတယ်လို့ သိရပါတယ်။
\”အအေးဖျော်တဲ့ အဆီပုလင်းဝယ်တာ ၂၀၂၃ ဆယ်လပိုင်းက သက်တမ်းကုန်တာတွေကို
ရောင်းပေးလိုက်တယ်။ အိမ်ရောက်မှ ကြည့်မိတော့ အကုန်သွန်ပစ်လိုက်ရတယ်\” လို့
သံတွဲ‌ဒေသခံတစ်ဦးက ပြောပါတယ်။
သက်တမ်းကုန်နေသော စားသောက်ကုန်များတွေကို မဖျက်ဆီးပဲ သက်တမ်းမကုန်တဲ့
စားသောက်ကုန်များနဲ့ ရောနှောရောင်းချနေတာကြောင့် သတိထားဝယ်ယူဖို့ လိုအပ်နေပါတယ်။
\”သူတို့က သက်တမ်းမကုန်သေးတဲ့ စားသောက်ကုန်တွေကို ရှေ့မှ ထားထားပြီး ဝယ်ယူတဲ့အခါ
သက်တမ်းကုန်တာတွေကို ရော‌နှောထည့်ပေးနေတာ။ သူတို့ အကျိုးစီးပွားပဲ ကြည့်နေကြတယ်။
ဝယ်သူတွေရဲ့ အကျိုးစီးပွားကို နည်းနည်းမှ ထည့်မတွက်ကြဘူး\” လို့ ထပ်မံ‌ပြောပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၃ရက်က စပြီး ရခိုင်ပြည်နယ် ကို ပြည်မနဲ့
ကုန်စည်ကူးသန့်ခွင့်ကို ပိတ်ပင်ခဲ့ပြီး သံတွဲမြို့ဟာလည်း စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို
အဆများစွာ ဈေးကြီးပေးပြီး သယ်ဆောင်နေရပါတယ်။
စစ်ကောင်စီဟာ လူသုံးကုန်တွေကို အကန့်အသတ်နဲ့ သာ သယ်ဆောင်ခွင့်ပြုထားသလို
စစ်ကောင်စီရဲ့ မြို့ အဝင်အထွက်ဂိတ်တွေကလည်း ဖြတ်သန်းတဲ့ ကုန်ပေါ်မူတည်ပြီး အကြောင်းမဲ့
ငွေညှစ်နေတဲ့ အတွက် ဒေသခံ လူထုဟာ ကြပ်တည်းမှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *