Laywaddy FM

သံတွဲတွင် တိုက်ပွဲ ပြင်းထန်နေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် တွင် စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေပြီး
စစ်ကောင်စီမှ လေကြောင်း၊ ရေကြောင်းမှ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
\”ချီချောင်း နဲ့ ပုရစ်ရေကောက် နားမှာ နှစ်ဖက် ပစ်ခတ်မှုတွေ ရှိတယ်။ စစ်ကောင်စီဖက်ကလည်း
အသေအပျောက်ရှိသလို AA ဖက်ကလည်း အကျအဆုံး ရှိတယ်ကြားတယ်။ အသေးစိတ်တော့
မသိရသေးဘူး\” လို့ သံတွဲဒေသခံတစ်ဦးက ဆိုပါတယ်။
ပုရစ်ရေကောက်ရွာ နှင့် သူဌေးရေအားလျပ်စစ်စီမံကိန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို
အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကျဲခြင်း နှင့်
နေဗီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
\”ဘယ်ကို ပစ်နေလဲ အတိအကျမသိရပေမယ့် ကျနော်တို့ ခမောင်းတုန်းရွာမှာတော့
အိမ်တွေတောင်တုန်တယ်။ အသံတွေလည်း အကျယ်ကြီးပဲ ကြားနေရတယ်။ အချို့လည်း
ရှောင်ပုန်းကုန်ကြီပြီ\” လို့ ခမောင်းတုန်းရွာသားတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွဲရာ ပုရစ်ရေကောက်ရွာ အနောက်က တောင်ကျောများကို
ဂျက်လေယာဥ် ၃ စီးဖြင့် ၇ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်းလည်း သိရပါတယ်။
စစ်ကောင်စီမှ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပုရစ်ရေကောက်ရွာ အနီးသို့
လက်နက်ကြီးများ ကျရောက်ခဲ့ပြီး ဒေသခံပြည်သူများ ထိုခိုက်ဒဏ်ရာရ နှင့် သေဆုံးမှု ရှိ/မရှိ
မသိရှိရသေးပါဘူး။

Shine Bu Chay

Related Posts

7 thoughts on “သံတွဲတွင် တိုက်ပွဲ ပြင်းထန်နေ

Leave a Reply

Your email address will not be published. Required fields are marked *