Laywaddy FM

သံတွဲ နဲ့ အနီးက ရွာတွေကို စစ်ကောင်စီ လေကြောင်းက နေ့ရော ညပါ တိုက်ခိုက်နေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ထဲ မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲနဲ့ အနီးတစ်ဝိုက်က
ကျေးရွာတွေကို လေကြောင်းက နေ့ရော ညပါ တိုက်ခိုက်နေတယ်လို့ ဒေသခံ
သတင်းရင်းမြစ်တွေက ပြောပါတယ်။
\”ရွှေလှေ အနီးတစ်ဝိုက်က ရွာတွေကို လေကြောင်းက ပစ်တာ ၊ အကြိမ် သုံး ဆယ် ကျော်ပါပြီ
ဒီနေ့ အများဆုံးပဲ ၊ အခုည ဘက် လည်း လာကျဲနေတုန်းပဲ ၊ အခုကျဲနေတယ် \” လို့
သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ နေ့လည်က ရေအားလျှပ်စစ်စီမံကိန်း အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို AA က
ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက်မှာ အဲ့ဒီအနီးတစ်ဝိုက်က
ကျေးရွာတွေကိုအခုလို တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဒီကနေ့ ည နေပိုင်းမှာလည်း ရွှေလှေ တံတားကို ဖြတ်သန်းသွားလာတဲ့ဒေသ ခံ ကားတစ်စီးကို
စစ်ကောင်စီ က ပစ်ခတ်ခဲ့တဲ့ အတွက်ဒေသခံတစ်ဦး ထိမှန်ခဲ့ပါသေးတယ်။
ဧပြီလ ပထမ အပတ်က စတင်ပြီး သံတွဲဒေသ အနီးမှာ AA နဲ့ စစ်ကောင်စီ ကြား အခု လို
တိုက်ပွဲတွေ ခတ်စိတ်စိတ်ဖြစ်လာတာဖြစ်ပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *