Laywaddy FM

ခိုးဆိုးလုနှိုက်တွေ သောင်းကျန်လာတဲ့ ဘူးသီးတောင် မောင်တော မှာ ညမထွက်ရ အမိန့် ကို AAထုတ်ပြန်

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော မြို့တွေ မှာ ခိုးဆိုးလုနှိုက်နဲ့ အုပ်စုဖွဲ့ ဖျက်ဆီး သူတွေ
များလာတဲ့အတွက် အဲ့ဒီဒေသ ကို ညမထွက်ရ အမိန့်် တစ်ရပ်AA ဘက်က
ထုတ်ပြန်လိုက်ပါတယ်။
ဧပြီလ ၂၆ ရက်ကနေစပြီး ည၇ နာရီ က နေ နံနက် ၆ နာရီတွင်း ညမထွက်ရ အမိန့် ကို
ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လက်ထောက်ချ စေခိုင်းထားတဲ့ ဒေသတွင်းက မွတ်ဆလင်အဖွဲ့ တွေ ရှိနေသလို
အဲ့ဒီအဖွဲ့တွေက အများပြည်သူပိုင်တဲ့ အိမ်တွေ တွေ ဖောက်ထွင်းမှုတွေ လည်းရှိနေတာ
ဖြစ်ပါတယ်။
ဘူးသီးတောင် မောင်တော ဒေသမှာ
အေးချမ်း စွာနေထိုင်လိုတဲ့ မွတ်ဆလင်တွေ ရှိသလို စစ်ကောင်စီ ရဲ့
လက်နက်တပ်ဆင်ပေးထားတဲ့ မွတ်ဆလင်အဖွဲ့တွေလည်း ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ မွတ်ဆလင် လူငယ် အချို့ ကို လက်နက်တပ်ဆင်ပေးပြီး ဒေသတွင်း
ဆူပူအုံကြွ လာအောင် အဖျက်လုပ်ငန်းတွေကို ခိုင်းစေထားတာလည်း ဖြစ်တဲ့ အတွက်
ဒေသခံတွေ အနေနဲ့ ညဘက်တွေ မှာ အပြင်မထွက်ကြဖို့ ထုတ်ပြန်တယ်လို့ ဆိုပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *