ရခိုင်ပြည်နယ် သံတွဲမြို့နယ် သူဌေးချောင်းရေးအားလျှပ်စစ်စီမံကိန်းအနီးတွင် ဖြစ်ပွားနေသော
စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံများ
စားဝတ်နေရေးခက်ခဲနေကြောင်း သိရပါတယ်။
\”ဘုန်းကြီးကျောင်းမှာ လူ ၂၀၀ ကျော်လောက် ရှိတယ် လာခိုလုံနေကြတာ။
ခုလောလောဆယ်တော့ ရွာက စုပေါင်းပြီး ကျွေးထားတယ်။ ရေရှည်မှာ ဘယ်လိုမှ
အဆင်ပြေမှာမဟုတ်ဘူး။ သူတို့တွေအတွက် လှူဒါန်းပေးမယ့်သူတွေ ပေါ်လာပါစေပဲ
ဆုတောင်းနေရတယ်\” လို့ ဒေသခံ ရွာသားတစ်ဦးက ဆိုပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာ ပုရစ်ရေကောက်ရွာမှ ရွာသား ၂၀၀ ကျော်သည် မန်ကျည်းချောင်ရွာရှိ
ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလုံနေကြခြင်း ဖြစ်ပါတယ်။
သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ ဝန်ထမ်းများဖြစ်ကြသော တရုတ်အင်ဂျီနီယာ ၅၀
ခန့်နှင့် ပြည်တွင်းအလုပ်သမားများက သံတွဲမြို့တွင် သွားရောက်တိမ်းရှောင်နေကြပြီး
စီမံကိန်းကို ရပ်တန့်ထားကြောင်း သိရပါတယ်။
\”ကိုယ့်ရွာကို လာတော့လည်း ကူရတာပေါ့။ ဒါပေမယ့် မကူညီရဘူး ဘာညာအသံတွေလည်း
ကြားနေရတော့ ကျနော်တို့ ရွာသားတွေလည်း ကြောက်နေကြတယ်\” လို့ ၎င်းက ထပ်မံ
ဆိုပါတယ်။
သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းသည် သံတွဲမြို့မှ ၁၂မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင်
တည်ဆောက်နေသော ကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့်သိုလှောင်ပမာဏ ၆ ဒသမ ၉၆
သိန်း ဧကပေ သိုလှောင်နိုင်ပြီး စီမံကိန်းပြီးပါက နှစ်စဥ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား
ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လွှင့်နိုင်မည်ဟု စစ်ကောင်စီမှ ကြုံးဝါးထားသော
စီမံကိန်းလည်း ဖြစ်ပါတယ်။
သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး တိုက်ပွဲကြောင့် တိုက်ပွဲရှောင်ဒေသခံများစားဝတ်နေရေးခက်ခဲနေ
pharmacies not requiring a prescription
online pharmacy
list of trusted canadian pharmacies
cheap prescription drugs
online pharmacy without a prescription
buy prescription drugs online