Laywaddy FM

ဘင်္ဂလားဒေ့ရှ်က ပြန်ခေါ်လာတဲ့ စစ်ပြေးတွေကို သူဌေးရေအားလျှပ်စစ်တိုက်ပွဲ ကို ပို့ဆောင်

ဘင်္ဂလားဒေ့ရှ်က ပြန်ခေါ်လာတဲ့ စစ်ပြေးတွေကို သူဌေးရေအားလျှပ်စစ်တိုက်ပွဲ ကို ပို့ဆောင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ စစ်ပြေးတွေကို စစ်ကောင်စီက ပြန်ခေါ်ပြီး
သံတွဲနယ်ထဲက သူဌေးရေအားလျှပ်စစ် အမြှောက်တပ် ကို ဒီကနေ့ ဧပြီ ၂၈ ရက် မနက်ပိုင်းက
ပို့ဆောင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ အရ သိရ ပါတယ်။
အာရက္ခတပ်တော် AA နဲ့ ဘူးသီးတောင် ၊ မောင်တောဘက်က တိုက်ပွဲတွေ အတွင်းမှာ စစ်ရှုံးလို့
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၂၈၀ ကျော်ကို ဘင်္ဂလားပင်လယ်အော် က နေ
ပြန်ခေါ်လာပြီး သပြုချိုင်ရေတပ်ခွဲမှာ ထားရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီရေတပ်က တဆင့် ငပလီ ၅၅ နဲ့၅၆၆ တပ်ရင်းကို ပြန်ခေါ်ခဲ့ပြီး သူဌေးရေအားလျှပ်စစ်
စီမံကိန်း အနီးက တိုက်ပွဲမှာ ထပ်မံ တိုက်ဖို့ စေလွှတ်ခံရတာဖြစ်ပါတယ်။
\”ပြေးစရာလည်း မြေမရှိတော့ဘူးလေ၊ မသေမချင်း တိုက်ခိုင်းနေမှာပဲ ၊သေမှ ဝဋ်ကျွတ်မှာ \” လို့
ငပလီ ၅၅ တပ်မိသားစု အသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
သူဌေးရေအားလျှပ်စစ်စီမံကိန်း အနီးမှာ စီမံကိန်းကို အကာအကွယ်ယူပြီး တပ်စွဲထားတဲ့
အမြှောက်တပ်ကို အာရက္ခတပ်တော် AA က အပြင်းအထန် ထိုးစစ်ဆင်နေပြီး
စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ တောတောင်ထူထပ်ပြီး တောင်အမြင့်ပိုင်းမှာ တည်ရှိတာကြောင့် စစ်ကောင်စီဟာ
စစ်အင်အား ချထားပြီး အမြှောက်တပ်ကို အရေးပေါ် ရွှေ့ပြောင်းထားရှိတာလည်းဖြစ်ပါတယ်။
\”AA ဘက်က လက်နက်ကြီးတပ်တွေကို အရင် သိမ်းနေတဲ့ အနေအထားပဲ
လက်နက်ကြီးတပ်တွေက ဒေသခံကိုပြည်သူကို ခြိမ်းခြောက်နိုင်တယ် ၊ အဲ့ဒီအမြှောက်တစ်လက်နဲ့
တချိန်လုံးထုနေ နိုင်တယ် ၊ အဲ့ဒါကြောင့် တောင်ပေါ်တွေ ဗျူဟာကုန်းတွေမှာ ရှိတဲ့
အမြှောက်တပ်တွေကို ထိုးစစ်ဆင်တာ ဖြစ်နိုင်တယ် \” လို့ ဒေသတွင်း စစ်ပွဲလေ့လာ
စောင့်ကြည့်သူ ပြည်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်ဒေသတိုက်ပွဲတွေ အတွင်းမှာ လေတပ် ၊ ရေတပ် နဲ့ အမြှောက်တပ်ကို
အသုံးပြုပြီး သူ့စစ်စခန်းတွေ ကျပြီ ဆိုတာနဲ့ အဲ့ဒီဒေသ ကို လက်နက်ကြီးတွေ နဲ့
ဖြစ်ဆီးလေ့ရှိပါတယ်။
သံတွဲနယ် အတွင်းက ဒီတိုက်ပွဲဟာ ငါးရက်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီဘက်မှာ
အထိနာမှုတွေရှိနေပါတယ်။

စစ်ကာင်စီ နဲ့ အမ်းမြို့တိုက်ပွဲတွေ အတွင်းမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက်
အမ်းမြို့နယ် စွေ့ချောင်းကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင် ပျက်စီးခဲ့ပါတယ်။
သံတွဲနယ်အတွင်းက သူဌေးရေအားလျှပ်စစ်စီမံကိန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်က
စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အခုချိန်ထိ အောင်မြင်မှုမရသေးတဲ့
စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။

Shine Bu Chay

Related Posts

3 thoughts on “ဘင်္ဂလားဒေ့ရှ်က ပြန်ခေါ်လာတဲ့ စစ်ပြေးတွေကို သူဌေးရေအားလျှပ်စစ်တိုက်ပွဲ ကို ပို့ဆောင်

  1. Нужен финаносвый план? https://financedirector.by/investicionnyj-biznes-plan-struktura-i-primer-dlja-investorov/ подробное объяснение структуры документа, его роли в привлечении инвесторов, получении кредита и запуске бизнеса. Узнайте, какие разделы включает бизнес-план, какие расчеты нужны и как он помогает оценить прибыльность проекта.

Leave a Reply

Your email address will not be published. Required fields are marked *