ကိုယ်ပိုင်အသိစိတ် နဲ့ မြို့ပေါ်က တံတားကို နေ့စဉ် သန့်ရှင်းရေးပြုလုပ်နေတဲ့ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်က တစ်ကိုယ်တော် သန့်ရှင်းရေး ပရဟိတသမား တစ်ဉီးဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။
အသက်(၇၀) အရွယ် ဉီးစိုးမြင့် လို့ ခေါ်တဲ့ ပရဟိတသမားကြီးဟာ သူနေထိုင်ရာ တေင်ကုတ်မြို့က ကိုင်းရှည်တံတားကို နေ့စဉ် သန့်ရှင်းရေးလုပ်ပြီး လူမှုဝန်ဆောင်မှုကို ကိုယ်ပိုင် အသိစိတ်နဲ့ ဆောင်ရွက်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူကနေ့တိုင်းကိုင်းရှည်တံတားကိုသွားပြီးသန့်ရှင်းရေးလုပ်တယ်။ ရခိုင်တပြည်လုံးသိတယ်။ စစ်ကောင်စီလည်းသိတယ်။ အခုလိုအဖိုးအရွယ်ရှိတဲ့လူတစ်ယောက်ကိုသတ်ပြီးအလောင်းကိုတောင်သယ်ခွင့်မပေးပါဘူး ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဉီးစိုးမြင့်ရဲ့ အလောင်းကို သူနေ့စဉ် သန့်ရှင်းရေး (တံမြက်စည်းလှည်း)လုပ် တဲ့ ကိုင်းရှည်တံတားဘေးမှာ ပစ်စလစ်ခတ် ပစ်ထားပြီး မိသားစု ကိုလည်း လာရောက်သယ်ယူခွင့်မပြုဘူးလို့ ဆိုပါတယ်။
တောင်ကုတ်မြို့ကိုင်းရှည်တံတား အနီးက မှာ နိုဝင်ဘာ ဒုတိယ ပတ်က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဉီးစိုးမြင့်ဟာ အဲ့ဒီတိုက်ပွဲကာလ မှာ စစ်ကောင်စီ တပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ဟာ တောင်ကုတ်မြို့ အပြင် ပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်နေပြီး မြို့တွင်းက ရပ်ကွက်တွေ မှာတော့ စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေကိုနည်းမျိုးစုံနဲ့ ဖိနှိပ် အနိုင်ကျင့်လျှက်ရှိပါတယ်။
တောင်ကုတ်မြို့တွင်းရဲစခန်း၊ စည်ပင်ရုံး၊ ထွေအုပ်၊ စာသင်ကျောင်း စတဲ့ နေရာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ခံတွေကို ဖမ်းဆီးတာတွေ ၊ ငွေညှစ်တာတွေ ဒေသခံအမျိုးသမီး များ အပေါ် နိုင်ထက်စီးနင်းဆက်ဆံခြင်းတွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြုမူနေတယ်လို့ သိရပါတယ်။
အမ်းချောင်းသူ (လေးဝတီ FM) ရေးသည်။
A convenient car catalog http://www.auto.ae/catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.