Laywaddy FM

KIA ဌာနချုပ်မှာ စစ်ပညာသင်ကြားနေရင်း စကစ လက်နက်ကြီးကြောင့် ကြွေလွင့်ရတဲ့ အာရက္ခတပ်တော် ဗိုလ်လောင်းများ ဆယ်နှစ်ပြည့်

KIA ဌာနချုပ်မှာ စစ်ပညာသင်ကြားနေရင်း စကစ လက်နက်ကြီးကြောင့် ကြွေလွင့်ရတဲ့ အာရက္ခတပ်တော် ဗိုလ်လောင်းများ ဆယ်နှစ်ပြည့်

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နေ့က KIA ဌာနချုပ်မှာ စစ်ပညာသင်ကြားနေရင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး အာရက္ခတပ်တော် က ဗိုလ်လောင်း ၈ ဉီး ကျဆုံးခဲ့ပါတယ်။ ဒီကနေ့ ၂၀၂၄ နိုဝင်ဘာ ၁၉ ရက်နေ့ဟာ ၁၀ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။

အဲ့ဒီဗိုလ်လောင်းတွေဟာ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲ ဝင်မယ့် ရခိုင်ပြည်မြို့နယ်အနှံ့က လူငယ်လူရွယ်များဖြစ်ကြပါတယ်။

ကျဆုံးခဲ့တဲ့ ဗိုလ်လောင်းတွေကတော့ (၁) ကျော်ခန့် (မင်းပြား) ၊ (၂) သိန်းသန်းနိုင် (မင်းပြား)၊ (၃) ခိုင်ထက်အောင် (ကျောက်ဖြူ)၊ (၄) ရဲဝင်းထွန်း (စစ်တွေ) ၊ (၅) ခိုင်ထွန်း (စစ်တွေ)၊(၆) အောင်အောင်သန်း(စစ်တွေ)၊ (၇) ရန်လင်းစိုး (ပေါက်တော)၊ (၈) ကိုစောတင် (ကျောက်တော်)တို့ဖြစ်ကြပါတယ်။

KIA ဌာနချုပ်တည်ရှိရာလိူင်ဇာမြို့ရဲ့ ၁၀ မိုင်ကျော်ခန့်အကွာဝေးတောင်ကုန်းပေါ်မှာ ဖွင့်ထားတဲ့ ဗိုလ်လောင်းသင်တန်းကျောင်းကို ရခိုင်အပါအဝင်၊ကိုးကန့်၊တအောင်း၊ချင်း၊ ကချင်နှင့်ကျောင်းသားတပ်မတော်တို့မှ စုစုပေါင်းဗိုလ်လောင်း ၁၀၀ ကျော်တက်ခဲ့ပြီးထိုအထဲမှ အာရက္ခတပ်တော်မှ ဗိုလ်လောင်း ၂၀ ဉီးတက်ရောက်ခြင်းဖြစ်ပါတယ်။

ထိုးအထဲမှစစ်ကောင်စီရဲ့ရည်ရွယ်ချက်ရှိရှိဖြင့်လက်နက်ကြီးကျဉ်ကျရောက်ပေါက်ကွဲမူကြောင့်နေရာမှာပင် အာရက္ခတပ်တော်မှဗိုလ်လောင်း ၈ ဉီး၊တအာန်းမှ ၁၁ ဉီး၊ချင်းမှ ၂ ဉီးနှင့် ABSDF မှ ၂ ဉီးစုစုပေါင်း ၂၃ ဉီးကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။

အဉ္ဇနလီညှင်း (လေးဝတီ FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *