Laywaddy FM

ရခိုင်ပြည်တောင်ပိုင်းက စစ်ရှောင်စခန်းတွေမှာ ရာနဲ့ချီတဲ့ကလေးငယ်တွေ အရေပြားရောဂါဖြစ်ပွားနေ

ရခိုင်ပြည်တောင်ပိုင်းက စစ်ရှောင်စခန်းတွေမှာ ရာနဲ့ချီတဲ့ကလေးငယ်တွေ အရေပြားရောဂါဖြစ်ပွားနေ

ရခိုင်ပြည် တောင်ဘက်ပိုင်း ဂွ ၊ သံတွဲ ၊ အမ်း က စစ်ရှောင်စခန်းတွေမှာ ရာနဲ့ချီတဲ့ ကလေးငယ်တွေဟာ အရေးပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။

ရခိုင်ပြည် အမ်းမြို့ စစ်ရှောင်စခန်း(၅)နေရာ ၊ တောင်ကုတ် စစ်ရှောင်စခန်း (၃)နေရာနဲ့ သံတွဲ ၊ ဂွ စစ်ရှောင် (၆)နေရာတို့မှာ ရှိတဲ့ ရာနဲ့ချီတဲ့ ကလေးငယ်တွေဟာ အခုလို အရေးပြားရောဂါတွေ ခံစားနေရပြီး ကူးစက်မှုလည်းမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အခုက မြို့ထဲဝင်လို့မရသေးဘူးတောထဲ မှာ စုလို့ စစ်ရှောင်နေရာတွေမှာ နေရတယ်။ ခြင်ကလည်းကိုက်တယ်။ မြေကြီးပေါ်မှာ အိပ်ပြီး မြေကြီးပေါ်မှာစား နေရတော့ မသန့်ရှင်းနိုင်ဘူး ၊ ကလေးတွေရဲ့ ခြေလက်တွေက အမြဲ ဖုန်တွေ သဲတွေ နဲ့ သန့်သန့်ရှင်းရှင်းထားလို့မရဘူး “ လို့ အမ်းမြို့ အနီးက စစ်ရှောင် မိခင်တစ်ဦးက ပြောပါတယ်။

၂၀၂၃ နိုဝင်ဘာလ ကတည်းက ရခိုင်ပြည် ကို ဆေးဝါး အပါအဝင် ကုန်ပစ္စည်းသယ်ယူခွင့်တွေ ပိတ်ထားတာဖြစ်ပါတယ်။ ဒါအပြင် တိုက်ပွဲ ကာလတွေအတွင်းမှာ ဆေးရုံ ၊ ဆေးခန်း နဲ့ ဆေးဝါးတွေ သိုလှောင်ထားတဲ့ ဂိုထောင်တွေကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်တောင်ဘက်တကျောက ဂွ၊ သံတွဲ ၊ တောင်ကုတ်၊ အမ်းမြို့တွေဟာ အာရက္ခတပ်တော် ထိမ်းချုပ်ပြီး ဖြစ်ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသဖို့အတွက် လေကြောင်းရန် အပါအဝင် ဆေးဝါးရှားပါးမှု စိန်ခေါ်ချက်တွေကို ရင်ဆိုင်နေရ
ဆဲဖြစ်ပါတယ်။

“ကလေးတွေက အတူတူ က စားကြတာ များတယ် ၊ ပြီးတော့တစ်ယောက် ယားရင်လည်းနောက်တစ်ယောက်က ကုတ်ပေးတယ်၊
အရည်တွေကျတယ်၊ အဲ့ဒီက တဆင့်ကူးတယ်။ အမှန်တော့ ဒီအနာတွေက လိမ်းဆေးလောက်နဲ့ သက်သာနိုင်တဲ့ အနာလေးတွေ ဆိုပေမယ့် ဆေးမရှိတော့ မွေးထားသလိုဖြစ်နေတယ်”
လို့ စစ်ရှောင်မိခင်တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင် ရင်း အခုလို အရေပြားရောဂါဖြစ်လာတဲ့ ကလေးတွေကို ဒေသတွင်းက တိုင်းရင်းဆေးတွေနဲ့ ကုသနေပေမယ့် ဆင့်ကဲ ဆင့်ကဲ ပွားများလာနေတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။

အမ်းချောင်းသူ (လေးဝတီ FM)

Kay Zue

Related Posts

3 thoughts on “ရခိုင်ပြည်တောင်ပိုင်းက စစ်ရှောင်စခန်းတွေမှာ ရာနဲ့ချီတဲ့ကလေးငယ်တွေ အရေပြားရောဂါဖြစ်ပွားနေ

  1. Нужен проектор? https://projector24.ru большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.

Leave a Reply

Your email address will not be published. Required fields are marked *