Laywaddy FM

ရမ်းဗြဲမြို့နယ် ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှု လူ ၄၀ ကျော်သေဆုံးပြီး နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီး

ရမ်းဗြဲမြို့နယ် ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှု လူ ၄၀ ကျော်သေဆုံးပြီး နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီး

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ကျောက်နီမော်စံပြကျေးရွာကြီး ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား (၄၀) ကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရကာ နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ဇန်နဝါရီ ၈ ရက် နေ့လည် ၁ နာရီကျော် မှာလာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ကျောက်နီမော် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက် နဲ့ ကျောက်နီမော်ဈေး အနီးဝန်းကျင်တွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ် လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့က လာပစ်တယ်။ ရွာထဲကိုတိုက်ရိုက်ကျတာပါ။ နေအိမ်တွေကနီးတယ်။ မီးလောင်ဗုံးလည်းချတယ်၊မီးကတော့အများလောင်တယ်၊ လတ်တလော သေဆုံးတာက ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရတာက ၃၀ ကျော်ပါတယ်။ ” လို့ ဒေသခံသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

ကျောက်နီမော်လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် သေဆုံးသူထဲမှာ အသက်မပြည့်သည့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ ၊ အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။

စစ်ကောင်စီသည် ရခိုင်မှာ ၂၀၂၅ ခုနစ် ဇန်နဝါရီလ အတွင်းမှာပင် ရခိုင်ပြည် မြေပုံ ၊ ပုဏ္ဏားကျွန်း နဲ့ ရမ်းဗြဲမြို့နယ်တို့က အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

အဉ္စနလီညှင်း လေးဝတီ(FM)

Kay Zue

Related Posts

One thought on “ရမ်းဗြဲမြို့နယ် ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှု လူ ၄၀ ကျော်သေဆုံးပြီး နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီး

  1. Нужен проектор? projector24.ru большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.

Leave a Reply

Your email address will not be published. Required fields are marked *