ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းရေးတပ်မှာ တစ်ပတ်ကျော်ကြာ ဖမ်းစီးစစ်ဆေးခြင်းခံထားရတဲ့ ရခိုင်စစ်ရှောင် ၂၈၆ ယောက်ဟာ ဒီကနေ့ ဇန်နဝါရီ ၉ ရက်မနက်ပိုင်းမှာ ရန်ကုန်မြို့ ဆိပ်ကမ်းကို ရောက်ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် ဘုရင့်နောင်ဆိပ်ကမ်း ကို ဒီကနေ့ ၁၀ နာရီ ၃၀ မိနစ်မှာ ဆိုက်ကပ်ခဲ့ပြီး ဒေသအာဏာပိုင်တွေဆီမှာ ဆက်လက် စစ်ဆေးခံနေရဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည် မာန်အောင်မြို့က ရွှေလမင်း (၅) ခရီးသည်ယဉ်နဲ့ ထွက်ခွာလာတဲ့ ခရီးသည်တွေဟာ ဟိုင်းကြီးကျွန်း ရေတပ်မှာ တစ်ပတ်ကျော်ကြာ စစ်ဆေးခံခဲ့ရတာဖြစ်ပါတယ်။
ဓာတ်ပုံ-လေးဝတီ FM CJ ပေးပို့