Laywaddy FM

ရခိုင်ပြည်ကျောက်ဖြူ နဲ့ စစ်တွေ ခံစစ်မှာ အသုံးပြုဖို့ ARSA အဖွဲ့ကို ရခိုင်ပြည်အလယ်ပိုင်းထိ စစ်ကောင်စီ ခေါ်သွင်းနေ

ရခိုင်ပြည်ကျောက်ဖြူ နဲ့ စစ်တွေ ခံစစ်မှာ အသုံးပြုဖို့ ARSA အဖွဲ့ကို ရခိုင်ပြည်အလယ်ပိုင်းထိ စစ်ကောင်စီ ခေါ်သွင်းနေ

ရခိုင်ပြည် က စစ်ပြင်နေတဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့ကို ခုခံဖို့ ဘဂ်လားပင်လယ်အော်၊ နတ်မြစ် ကမ်းတစ်လျှောက် က နေ ARSA အဖွဲ့ကို စစ်ကောင်စီ နေဗီတွေနဲ့ ခေါ်သွင်းနေတယ်လို့ မြေပြင် သတင်းရရှိပါတယ်။

စစ်ကောင်စီဟာ ဘူးသီးတောင် မောင်တောကို ခံစစ်ပြင်တဲ့နေရာမှာ ARSA ၊ RSO အဖွဲ့တွေကို မဟာမိတ်ပြုပြီး AA ကို ခုခံခဲ့သလိုမျိုး၊
ကျောက်ဖြူနဲ့ စစ်တွေကို ခံစစ်ပြင်ဖို့ အဲ့ဒီအဖွဲ့တွေကို နတ်မြစ်ကတဆင့် ခေါ်ယူနေတယ်လို့ လေးဝတီ FM က သတင်းရရှိထားပါတယ်။

“ဘူးသီးတောင် ၊ မောင်တော မြို့နယ် တွေထဲမှာ တောစပ်တောင်စပ်တွေမှာ ခိုလှုံနေတဲ့ ARSA အဖွဲ့တွေကို နတ်မြစ် က တဆင့် နေဗီနဲ့ ခေါ်တယ်” လို့ ဘူးသီးတောင် စစ်ရှောင် တနေရာမှာ နေထိုင်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီနေဗီ သဘေ်ာတွေနဲ့ တင်ဆောင်လာတဲ့ အင်အားတွေကို စစ်တွေမြို့ ပွိုင့်ကမ်းခြေမှာ အခြေစိုက်ထားတဲ့ရေတပ် ဌာနချုပ်ဆိပ်ကမ်းကို ဒီဇင်ဘာ လကုန် ကတည်းက ပို့ဆောင်ထားတာလို့ ပြောပါတယ်။

“သူတို့ နေဗီက ညဉ့်ဘဲကမ်းကပ်တယ် ။ လူတွေကိုလည်းညဉ့်ဆို ကမ်းပေါ်တင်တယ် ။ အဓိကစစ်တွေမှာဆိုပွိုင့်ဖက်က တဆင့်တင်တယ်” လို့ စစ်တွေ မြို့ စစ်ရေး လေ့လာစောင့်ကြည်သူ က လေးဝတီ FM ကို ပြောပါတယ်။

ဘူးသီးတောင် ၊ မောင်တော မြို့သိမ်းတိုက်ပွဲတွေ ကြောင့် စစ်ရှောင် စခန်းကို ရောက်ရှိသွားသူတွေ နဲ့ မူလ ကတည်းက ဒုက္ခသည်စခန်းတွေမှာ
ရှိနေတဲ့ ရိုဟင်ဂျာတွေဟာ ARSA နဲ့ RSO အဖွဲ့တွေ ထဲ ကို စိမ့်ဝင်မှု ဟာ မောင်တောမြို့သိမ်းပြီးနောက်ပိုင်း ပိုမိုလာခဲ့တာဖြစ်ပါတယ်။

ဒါအပြင် အဲ့ဒီ စစ်ရှောင်စခန်းတွေမှာ ARSA တပ်ထဲ ဝင်ဖို့ ပေါ်ပေါ်တင်တင် စည်းရုံးလာတာတွေကိုလည်း တွေ့ရှိရပါတယ်။

စစ်ကောင်စီဟာ အဲ့ဒီအင်အားတွေကို အသုံးချပြီး စစ်တွေ ၊ ကျောက်ဖြူ ကို ခံတပ်တည်ဆောက်ဖို့ ပြင်ဆင်နေတာ လို့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။

“အခုက မြို့ထဲမှာအယင် နဲ့ မတူဘူးစစ်ကောင်စီ၀တ်စုံ နဲ့ မွတ်ဆလင်အများအပြားကို တွေ့ရတယ်။ သူတို့က ဒီဘက်က မွတ်ဆလင်တွေလိုမဟုတ်ဘူး၊ ရခိုင်စကားမပြောဘူး ။ သူတို့ စကားကို ပြောတယ်။ စစ်တွေက မွတ်ဆလင်တွေ အကုန်လုံးက ရခိုင်စကားပြောတယ် ” လို့ စစ်တွေ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘူးသီးတောင် မောင်တော မြို့သိမ်းတိုက်ပွဲတွေ အပြီးမှာ ARSA တပ်ဖွဲ့တွေဟာ အဲ့ဒီဒေသဝိုက်မှာ လှုပ်ရှားနေဆဲဖြစ်ပြီး အာရက္ခတပ်တော်နဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒါအပြင် စစ်တွေမြို့နဲ့ နယ်မြေချင်းနီးစပ်တဲ့ ရသေ့တောင်မြို့နယ် ထဲ အထိ လှုပ်ရှားလာတာ ပြီး ဇန်ဝါရီလ ၄ ရက်နေ့ ညပိုင်းမှာ ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာအနီးက ဒေသခံတွေကို ခြုံခိုတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဉ္စနလီညှင်း (လေးဝတီ FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *