ရခိုင်ပြည် မြို့သိမ်းတိုက်ပွဲ တွေ လက်စသတ်ပြီးနောက် ၊ ဒေသတွင်းမှာ ပြန်လည်ထူထောင်ရေး စတင်နေတဲ့ ပုံရိပ်တွေကို ULA/AA ရဲ့ ပြန်ကြားရေးမီဒီယာတွေက တဆင့် ထုတ်ပြန်လာခဲ့ပါတယ်။
![](https://burma.laywaddyfm.com/wp-content/uploads/2025/01/9-2-1024x682.jpg)
ရခိုင်ပြည်က လွတ်မြောက်မြို့တွေမှာ လုံခြုံရေးယူနေတဲ့ အာရက္ခစစ်သည်တွေရဲ့ ပုံရိပ်တွေကို လေးဝတီ FM က ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။
![](https://burma.laywaddyfm.com/wp-content/uploads/2025/01/12-2-1024x682.jpg)
မြို့တွင်းမြို့ပြင် မြေမြုပ်မှိုင်းရှင်းလင်းရေး၊ သန့်ရှင်းရေး ၊ လူနေ အဆောက်အအုံတွေ ပြန်လည် မွန်းမံတည်ဆောက်ရေး ၊ ရေသန့်ရရှိရေး စတဲ့ လုပ်ငန်းတွေကို အဓိက ထား ဆောင်ရွက်နေကြတယ် လို့ ဆိုကြပါတယ်။
ရခိုင်ပြည်မှာ မြောက်ဉီး၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား ၊ မြေပုံ ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ ၊ အမ်း အပါအဝင် မြို့နယ် ၁၄ ခုဟာ ULA/AA ရဲ့ ထိမ်းချုပ်မှုနယ်မြေထဲမှာ ရှိနေတာဖြစ်ပါတယ်။
![](https://burma.laywaddyfm.com/wp-content/uploads/2025/01/11-2-1024x682.jpg)
လေးဝတီFM