Laywaddy FM

တရုတ်ပိုက်လိုင်းဓာတ်အားခွဲစက်ရုံ ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ

တရုတ်ပိုက်လိုင်းဓာတ်အားခွဲစက်ရုံ ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ

အမ်းရိုးမ ပေါ်မှာရှိတဲ့ တရုတ်ပိုက်လိုင်း ဓာတ်အားခွဲစက်ရုံနဲ့ အနီးဝန်းကျင်ကို ဇန်နဝါရီ ၃၀ က စစ်ကောင်စီလာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဲ့ဒီစက်ရုံတွင်းမှာရှိတဲ့ အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့တယ် လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီရဲ့ ဗုံးစ နဲ့ ၊ လက်နက်ကျည်စကြောင့် ဓာတ်အားခွဲစက်ရုံ အတွင်းမှာရှိတဲ့ အဆောင်တချို့ တောင်စောက်တောင်စခန်းက အဆောင်တချို့နဲ့ အနီးဝန်းကျင်က စစ်ကောင်စီ တပ်စွဲနေရာယူခဲ့တဲ့ ကာကင်းစခန်းတချို့ကို ကျရောက်ခဲ့တယ်လို့သိရပါတယ်။

” ဓာတ်အားခွဲစက်ရုံနဲ့ကိုက် ၅၀၊ ၁၀၀‌လောက်ကို ဗုံးကြဲတယ် စက်သေနတ်နဲ့လာပစ်တယ်။ အဲ့ဒီဝန်းကျင်က အဆောက်အအုံတချို့ မီးလောင်သွားတယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

အမ်းမြို့နဲ့ မိုင် ၂၀ အကွာမှာ ရှိတဲ့ တရုတ်ဓာတ်အားခွဲ စက်ရုံအပါအဝင် အဲ့ဒီဂိတ်အနီးက တောင်စောက်တောင် စစ်ကောင်စီခန်းကို အာရက္ခတပ်တော် (AA ) က ဇန်နဝါရီလ အစပိုင်းမှာ ထိမ်းချုပ်လိုက်တာဖြစ်ပါတယ်။

ကျောက်ဖြူက စတင်တဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဟာ အမ်းရိုးမကို ကျော်ပြီး မကွေးတိုင်းကိုဖြတ်သန်းဖောက်လုပ်ထားတာဖြစ်ပါတယ်။

ဇန်နဝါရီ ၃၀ ရက်က စစ်ကောင်စီ ရဲ့ ဂျက်တိုက်လေယာဉ်တွေဟာ တောင်စောက်ဂိတ်မှာရှိတဲ့ ဝန်ထမ်းရာချီနေထိုင်တဲ့ အဲ့ဒီဓာတ်အားခွဲစက်ရုံကိုလေကြောင်းက တိုက်ခိုက်ခဲ့လို့ အဆောက်အအုံတွေမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

” သူတို့တပ်စွဲခဲ့တဲ့ တောင်စောက်တောင်အနီးက စခန်းဂိတ်တွေ ကို AAရှိတယ်အထင်နဲ့လာပစ်ကြတာ ၊ ဓာတ်အားခွဲစက်ရုံရဲ့အဆောင်တချို့မှာလည်း လက်နက်ကျတာရှိတယ်။” လို့ အမ်းဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ လက်လွှတ်ခဲ့ရတဲ့ စခန်းကုန်းတွေကို အခုလို မကြာခဏ လာရောက် ပစ်ခတ်နေပြီး ပဲပုဒုံစစ်ရေးဂိတ်၊ ပတ်ကွေ့ စခန်း တို့ကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

မြေပြင်မှာ အာရက္ခတပ်တော် AA ဘက်က အမ်း-ပဒန်းလမ်းပိုင်းပေါ်မှာ ရှိတဲ့ တောင်စောက်တောင်စခန်း၊ ကံမြင့်ကန်စခန်း၊ ကြက်ရေစမ်း ၊ ပိန်းရေစမ်း ဂိတ်စခန်းတို့ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ မကွေးတိုင်းထဲက စခန်းအချို့ကို မြေပြင် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

အဉ္စနလီညှင်း (လေး၀တီFM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *