Laywaddy FM

မြွေမျိုးစိတ်မှတ်တမ်းသစ်တစ်ခုကို ရခိုင် မြွေသုတေသနပညာရှင် မှတ်တမ်းတင်နိုင်ခဲ့

မြွေမျိုးစိတ်မှတ်တမ်းသစ်တစ်ခုကို ရခိုင် မြွေသုတေသနပညာရှင် မှတ်တမ်းတင်နိုင်ခဲ့

မြန်မာနိုင်ငံမှာ လာအိုအိမ်စောင့်မြွေ (သို့မဟုတ်) မြွေဝံပုလွေမျိုးစိတ်သစ်တစ်ခုကို ရခိုင်မြွေသုတေသနပညာရှင် မစိုးသန္တာအောင်ကဦးဆောင်ပြီး မှတ်တမ်းသစ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ မျိုးစိတ်သစ်ဟာ မြန်မာနိုင်ငံမှာယခင်က မှတ်တမ်းတွေ မရှိသေးပေမယ့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းတွေမှာ တွေ့ရှိရတဲ့ လေ့လာမှုမှတ်တမ်း​ တွေအရ မှတ်တမ်းသစ်ကို နိုင်ငံအဆင့်အနေဖြင့် ပထမဦးဆုံးတင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အခုဆိုရင် တွားသွားသတ္တဝါတွေက မြန်မာနိုင်ငံမှာ လေ့လာမှုတွေအရမ်းနည်းတယ်။ အရင်တုန်းက အဲဒီလောက်ထိမရှိခဲ့ကြဘူး။ အခုခေတ်မှာဆိုရင် ဆိုရှယ်မီဒီယာတွေကိုက Citizen Science လိုမျိုး ဆိုရှယ်မီဒီယာတွေကို သုံးပြီး အဲဒီကနေပြီးတော့ မရောက်နိုင်တဲ့ဒေသတွေကနေ Record တွေရလာတယ်။ အဲဒီကနေမှတဆင့် မြန်မာနိုင်ငံမှာ ဒါမျိုးတွေရှိတယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ထိန်းသိမ်းရမယ်။ ဘယ်လိုမြွေမျိုးက ထိန်းသိမ်းသင့်တယ်။ ဘယ်လိုမြွေမျိုးဆိုရင် အဆိပ်ရှိတယ်။ အဆိပ်မရှိဘူးဆိုပြီး ခွဲခြားပြီးတော့ ထိန်းသိမ်းစောင့်ရှောက်မှုတွေလည်း လုပ်လာနိုင်မယ်။ နောက်ပြီးတော့လူတွေကိုလည်း ဒီမြွေကတော့အ ဆိပ်ရှိတယ်။ ဒီမြွေကတော့အဆိပ်မရှိဘူး။ မြွေကိုက်ရင်ဘယ်လိုကာကွယ်ရမယ်။ ဘယ်လို‌ရှေးဦးသူနာပြုနည်းတွေလုပ်ရမယ်။ သူတို့ရဲ့အမူအရာတွေကဘယ်လို ဘယ်လိုရှောင်ကြည့်သင့်တယ်ဆိုတာတွေကို ပိုပြီး ဗဟုသုတပေးလာ နိုင်မယ်။ အဓိကကတော့ မြန်မာနိုင်ငံရဲ့ တွားသွားသတ္တဝါတွေနဲ့ ကုန်းနေရေနေသတ္တဝါတွေကို ပိုပိုပြီးတော့ လေ့လာနိုင်မှာဖြစ်ပါတယ်။ ပိုပြီးတော့ မှတ်တမ်းတင်လာနိုင်မှာဖြစ်ပါတယ်”လို့ မစိုးသန္တာအောင်က ပြောပါတယ်။

ဒီမှတ်တမ်းဟာ အိမ်စောင့်မြွေတွေ ပျံ့နှံ့မှုကို သိရှိစေပြီး မြန်မာနိုင်ငံ၏ တွားသွား သတ္တဝါတွေ စာရင်းထဲမှာ မျိုးစိတ် တစ်မျိုးပိုတိုးလာစေတဲ့အပြင် မြန်မာနိုင်ငံမှာ မှတ်တမ်းမတင်ထားရသေးတဲ့ ကုန်းနေရေနေသတ္တဝါတွေနဲ့ တွားသွား သတ္တဝါ​တွေ အကြောင်း ပိုမိုအာရုံစိုက် သုတေသနလုပ်ဖို့ လိုအပ်နေသေးတယ်လို့လည်း သူကဆိုပါတယ်။

ကမ္ဘာပေါ်ရှိ Lycodonမျိုးစုအောက်တွင် မြွေဝံပုလွေ မျိုးစိတ်ပေါင်း (၈၁) မျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင်မျိုးစိတ်ပေါင်း ၁၁ မျိုးအထိ မှတ်တမ်းတင်ထားနိုင်ပြီး ၎င်းတို့မှာ Lycodon aulicus, Lycodon capucinus, Lycodon davisonii, Lycodon fasciatus, Lycodon favozanatus, Lycodon gracilis, Lycodon jara, Lycodon kundui, Lycodon septentrionalis, Lycodon subannulatus, နှင့် Lycodon zawi မျိုးစိတ်များဖြစ်ကြောင်းနဲ့ သူတို့​တွေဟာ အဆိပ်မရှိကြောင်း သိရပါတယ်။

လေးဝတီFM

Kay Zue

Related Posts

6 thoughts on “မြွေမျိုးစိတ်မှတ်တမ်းသစ်တစ်ခုကို ရခိုင် မြွေသုတေသနပညာရှင် မှတ်တမ်းတင်နိုင်ခဲ့

  1. Грати в ігри слоти – великий каталог автоматів, бонуси за реєстрацію та регулярні турніри. Інформація про умови та можливості для гравців.

Leave a Reply

Your email address will not be published. Required fields are marked *