ဧပြီ ၁၁ ၊ ၁၂ ရက်တွေမှာ ရခိုင်ကမ်းရိုးတန်း ဒေသတွေ မှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းပါတယ်။
တိတိကျကျ ဆိုရရင် ရခိုင်ပြည် စစ်တွေ ၊ မြောက်ဦး ၊ မင်းပြား ၊ ဒေသတွေမှာ မိုးသည်းထန်နိင်တယ်လို့ နိုင်ငံတကာ မိုးလေဝသ ဌာနတွေကို
ကိုးကားပြီး မြန်မာပညာရှင်တွေက သုံးသပ်ထားပါတယ်။
မိုးလေဝသ သတင်းတွေကို အဆက်မပြတ် ခန့်မှန်းတင်ဆက်ပေးနေတဲ့ ဦးဝင်းနိုင်ရဲ့ လူမှုကွန်ရက်မှာ

ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ဧရာဝတီတိုင်း-အနောက်ဘက် ကမ်းရိုးတန်းဒေသတွေမှာ လေ/မိုးပြင်းထန်နိုင်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းက ငလျင်ဒဏ်သင့်ဒေသတွေမှာတော့ ဧပြီလ ၁၁ ရက် ည ၁၀ နာရီမှ နောက် ၂၄ နာရီအတွင်း မိုးများနိုင်ပါမယ်၊ ရွာသွန်းနိုင်တဲ့မိုးရေချိန် ၂၄ နာရီအတွင်း ၆၀ မီလီမီတာ(၂.၃၆ လက်မ)အထိ ရွာနိုင်ပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ မြောက်ဦး နဲ့ မင်းပြားဒေသတွေမှာလဲ ဧပြီလ ၁၁ ရက် ည ၁၀ နာရီမှ နောက် ၂၄ နာရီအတွင်း မိုးများနိုင်ပါမယ်၊ ရွာသွန်းနိုင်တဲ့ မိုးရေချိန် ၃၇ မီလီမီတာ(၁.၄၆ လက်မ)အထိ ရွာနိုင်ပါမယ်။
လို့ ခန့်မှန်းထားပါတယ်။
သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု နဲ့ မိုးလေဝသ သတင်းတွေဟာ နေ့စဉ် အပြောင်းအလဲ ဖြစ်နေတာကြောင့် အမြဲစောင့်ကြည့်ကြဖို့ လေးဝတီ FM က တိုက်တွန်းလိုက်ပါတယ်။
လေးဝတီ FM