Tag: AA
ကျောက်ဖြူမြို့နယ်က စစ်ရှောင်နေရတဲ့ ဒေသခံတွေရဲ့ စပါးခင်းတွေကို စစ်တပ်က ဝင်ရောက်ရိတ်သိမ်း
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေရဲ့ စပါးခင်းတွေကို စစ်ကော်မရှင်တပ် က ဝင်ရောက်ရိတ်သိမ်းပြီး ၊ တပ်ပိုင်ကား တွေ နဲ့ သယ်ယူနေတယ်လို့ ဒေသခံ လယ်သမားတွေဆီက သတင်းရရှိပါတယ်။ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေဖြစ်ပွားပြီး ဒေသခံတွေ စစ်ဘေးရှောင်နေရချိန်မှာ စစ်ကော်မရှင်တပ် က သပြုတောင်၊ဒိုးမတောင်၊ဂေါ်တူတောင်…
ပွိုင့် ၆၆၆ စခန်း အနီးဝန်းကျင်က စစ်ကော်မရှင်စစ်ကြောင်းကို AA တောနင်းပြီး ဖြိုခွင်းနေ(စစ်ကော်မရှင်တပ်သား အသေရော၊ အရှင်ရောဖမ်းမိထား)
ပွိုင့် ၆၆၆ စခန်းအနီးဝန်းကျင်မှာ လှုပ်ရှားနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို AA က တောနင်းပြီးလိုက်လံ ဖြိုခွင်းလျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၈ ရက်က အဲ့ဒီစခန်းအနီးဝန်းကျင်မှာ တိုက်ပွဲနှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သားတွေကို အရှင်ရော ၊အသေရော ဖမ်းဆီးမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။ “ အဲ့ဒီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာ သုံးရက်လောက်ရှိနေပြီ…
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာ ၊ တစ်ပြေးနေတဲ့ ဦးတင်ထူးအောင်ကို UEC ပယ်ချ
ရန်ကုန်မြို့မှာ လူမှုကူညီရေးလုပ်ငန်းတွေ ဆယ်စုနှစ်ကျော်လုပ်ကိုင်ခဲ့ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ကို ရနိုင်ချေ တစ်ပြေးနေတဲ့ ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်ကို UEC က ကိုယ်စားလှယ်လောင်းစာရင်းက နေပယ်ဖျက် လိုက်တယ်လို့ သတင်းရရှိပါတယ်။ ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ခြင်းကို စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင် UEC က နိုဝင်ဘာလ၂၁ရက်နေ့ ကတည်းက ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကို…
ကျောက်ဖြူ အထူးစီးပွားရေးဇုံ လျာထားဧရိယာအတွင်းက စစ်ကော်မရှင်တပ်တွေကို အာရက္ခတပ်တော် ထိုးစစ်ဆင်နေ
ကျောက်ဖြူအထူးစီးပွားရေးဇုံ လျာထားဧရိယာအတွင်းမှာ နေရာယူထားတဲ့ စစ်ကော်မရှင်တပ်တွေကို အာရက္ခတပ်တော်ဘက်က ထိုးစစ်ဆင်တိုက်ထုတ်နေတယ်လို့ သတင်းရရှိပါတယ်။ အထူးစီးပွားရေးဇုံလျာထားဧရိယာတွေထဲမှာ ပါဝင်တဲ့ သိုင်းချောင်း ၊ မင်းပြင် ၊ ချောင်းဝ ကျေးရွာတွေမှာ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ "သိုင်းချောင်းမှာ စစ်ကောင်စီတွေ ပိတ်မိနေတယ်၊ AA ဘက်က ပိတ်ဆို့ပြီးတိုက်နေတာပါ၊…
နတ်ရေကန်တောင်စခန်းကို စစ်ကူလာတဲ့ စကမ စစ်ကြောင်းကို အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်တွေသိမ်းယူ လိုက်တယ်လို့ သတင်းရရှိပါတယ်။ အာရက္ခတပ်တော် ဝိုင်းရံပိတ်ဆို့ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်တောင်စခန်းကို ဒီဇင်ဘာ ၅ ရက် နေ့ နေ့လည်ပိုင်းက အင်အား ၇၀ ပါတဲ့ စစ်ကြောင်းတစ်ခုကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ "မနေ့ည နေ့လည်…
ကိုယ်လက်အင်္ဂါစွန့်လွှတ်ရတဲ့ တော်လှန်ရေး ရဲဘော်တွေဆီကို သူပုန်ဖြူရဲ့ စာအုပ်ရောင်းရငွေ ပံ့ပိုး
တော်လှန်ရေးရဲဘော်တွေထဲက ကိုယ်လက် အဂ်ါဆုံးရှုံးရသူတစ်ဦးချင်းစီ ဆီကို သူပုန်ဖြူ Team က ပံ့ပိုးငွေတွေ ပေးအပ်ခဲ့ပါတယ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်ဖွဲ့တွင်းက ရဲဘော်တွေက " ကိုယ်လက် အဂ်ါဆုံးရှုံးရသူတစ်ဦးချင်းစီ ဆီကို ပေးပို့သော သူပုန်ဖြူကဗျာစာအုပ်နှင့် ငွေကျပ်တစ်သိန်းပါလွယ်အိပ်များ ကိုကောင်းမွန်စွာလက်ခံရရှိပါတယ်ခင်ဗျ၊ ကျွန်တော်တို့ရဲ့ဒဏ်ရာရရဲဘော်များသို့ ပေးပို့သောလက်ဆောင်များအတွက် BNRA မှ…
နည်းပညာ နဲ့ ငွေကြေးကျွမ်းကျင်သူတွေကို ထောင်ချောက်ဆင်ထားတဲ့ Cryptocurrency ရင်းနှီးမြှုပ်နှံမှု ဝဘ်ဆိုဒ် ကို မြန်မာ့ မြေပေါ်မှာ FBI ဖမ်းဆီး
နည်းပညာ နဲ့ ငွေကြေး ကျွမ်းကျင်သူတွေကို လိမ်လည်ဖို့ ထောင်ချောက်ဆင်ထားတဲ့ Cryptocurrency ရင်းနှီးမြှုပ်နှံမှုလိမ်လည်ရေး (CIF) ဝဘ်ဒိုမိန်းတစ်ခုကို ထိန်းသိမ်းလိုက်တယ်လို့ FBI က ထုတ်ပြန်ကြေညာပါတယ်။ အခုတလော အုတ်အော်သောင်းနင်းဖြစ်နေတဲ့ ကရင်ပြည်နယ် DKBA နယ်မြေ ကျောက်ခက်ကျေးရွာက တိုင်ချန်း (Tai Chang) အွန်လိုင်းငွေလိမ်လည်မှုဂိုဏ်းဝင်း မှာ…
ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် ဆေးပဒေသာပင် စိုက်ထူးပေးဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန ကမ်းလှမ်း
ရခိုင်က ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ အခမဲ့ ဆေးကုသနိုင်ရေးအတွက် ဆေးပဒေသာပင် စိုက်ထူပေးဖို့ အဝေးရောက်ရခိုင်ပြည်သူတွေကို အာရက္ခအစိုးရကျန်းမာရေးဌာန က ကမ်းလှမ်းလိုက်ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ က စတင်ပြီး ဆေးပဒေသာပင် လို့ ခေါ်တဲ့ မတည်ငွေထည့်ဝင်စိုက်ထူထားပြီး အဝေးရောက် ရခိုင်ပြည်သူတွေ နဲ့ ဆေးဘက်ဆိုင်ရာ မိတ်ဆွေတွေကို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ ဒီဆေးပဒေသာပင်ဟာ…
ကြံ့ခိုင်ရေးပါတီဝင်တွေ မဲဆွယ်ရာမှာ သ-တ်မယ် ဖြတ်မယ် အကြမ်းဖက်စကားလုံးတွေအသုံးပြု ခြိမ်းခြောက်မဲဆွယ်လာ
မကြာခင်ပြုလုပ်တော့မယ် စစ်ကော်မရှင်ရဲ့ ဟန်ပြရွေးကောက်ပွဲအတွက် ကြံ့ဖွံ့ပါတီဝင်တွေ လူလုံးပြမဲဆွယ်လာကြပြီး သ-တ်မယ် ဖြတ်မယ် ဆိုတဲ့ အကြမ်းဖက်စကားလုံးတွေကို အသုံးပြုပြီး ပြည်သူကို ခြိမ်းခြောက်မဲဆွယ်လာကြတာကို လေးဝတီFM က မှတ်တမ်းတင်ထားပါတယ်။ ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေးလုပ်နေတဲ့ ရုပ်ရှင်မင်းသားဟောင်း ဦးနေအောင်က သတင်းဌာနတစ်ခုနဲ့ ကို ဖြေကြားရာမှာ အကြမ်းဖက် စကားလုံးတွေ အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။…
ကျောက်တော် နဲ့ ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကျောက်တော်မှာ အရပ်သား (၅) ဦးထက်မနည်းသေဆုံး
ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မနက်ပိုင်းမှာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့ကို လေကြောင်းက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခံရပါတယ်။ ကျောက်တော်မြို့ ကြောင်ဖိုကျေးရွာအလယ်ပိုင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကျရောက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။ "မနက်ပိုင်း ဈေးအသွားအလာလုပ်တဲ့ အချိန်မှာ ရွာ အလယ်ပိုင်းကို တစ်လုံး ရွာထိပ်ကို တစ်လုံးကျတယ်။ လူတော်တော်ထိတယ် ။…