မကြာခင်ပြုလုပ်တော့မယ် စစ်ကော်မရှင်ရဲ့ ဟန်ပြရွေးကောက်ပွဲအတွက် ကြံ့ဖွံ့ပါတီဝင်တွေ လူလုံးပြမဲဆွယ်လာကြပြီး သ-တ်မယ် ဖြတ်မယ် ဆိုတဲ့ အကြမ်းဖက်စကားလုံးတွေကို အသုံးပြုပြီး ပြည်သူကို ခြိမ်းခြောက်မဲဆွယ်လာကြတာကို လေးဝတီFM က မှတ်တမ်းတင်ထားပါတယ်။

ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေးလုပ်နေတဲ့ ရုပ်ရှင်မင်းသားဟောင်း ဦးနေအောင်က သတင်းဌာနတစ်ခုနဲ့ ကို ဖြေကြားရာမှာ အကြမ်းဖက် စကားလုံးတွေ အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။
ဦးနေအောင်ဟာ ကြံ့ဖွံ့ပါတီရဲ့ ဦးထုပ်နဲ့ အကျ်ီ ကို ဝတ်ဆင်ထားပြီး သတင်းဌာန ကို အင်တာဗျူးဖြေဆိုခဲ့တာပါ။
“နိုင်ငံရေးအခင်းအကျင်းက တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့ကောင်မှန်သမျှ အကုန်သတ်” ဆိုတဲ့ စကားကို လက်ဟန်ခြေဟန်နဲ့ အတူပြောကြားခဲ့တာဖြစ်ပါတယ်။
မဲဆွယ်ကာလမှာ နာမည်ကျောဇောမှုကိုအသုံးပြုပြီး အကြမ်းဖက်စကားလုံးတွေ အသုံးပြုလာခြင်းဟာ ပြည်သူကို အကြပ်ကိုင်နေခြင်းလည်းဖြစ်ပါတယ်။
ဒုတိယအထောက်အထားတစ်ခုအနေနဲ့ ကတော့ အမတ်ဟောင်း ဘုလက်လှဆွေက အင်တာနက်စာမျက်နှာပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ရှိတဲ့နေရာကို ရှာဖွေပြီး လေကြောင်းက သ-တ်ဖြတ်ဖို့ ပြောဆိုခဲ့ပါတယ်။
ရွေးကောက်ပွဲကို ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ်လို့ကြေညာထားပြီး အခုလို အကြမ်းဖက်စကားလုံးတွေကိုတော့ နိုဝင်ဘာလမှာ လူထုဆီကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာတာဖြစ်ပါတယ်။
လေးဝတီFM
With Restore Old Photos, you can easily repair damaged, faded, or torn photographs and preserve them for future generations
Brat Generator Online makes it easy to create brat-style text visuals instantly.
Ai Photo Enhancer helps you improve photo quality online with one click.
Concrete Calculator provides fast and accurate concrete calculations in cubic yards, cubic feet, and cubic meters.
HEIC to JPG is the perfect solution for users who need to convert their iPhone photos to the more widely supported JPG format.
AI Image Editor Pro offers an advanced AI-powered photo editing experience.
Use this free square face generator to design your own pixel avatar with 200+ customization items across 12 categories and download it instantly
Image to Image AI provides a simple drag-and-drop interface that lets anyone generate high-resolution, AI-enhanced images in seconds.