Tag: Sittway

စစ်တွေ ဒကစ တပ်နယ်ထဲက ကျားမသောက်စစ်ဆေးရေးဂိတ်ကို AA ဝင်တိုက်
ရခိုင်ပြည် ၊ စစ်တွေမြို့ ဒကစ တပ်နယ် ထဲက ကျားမသောက် စစ်ဆေးရေး ဂိတ်ကို ဒီဇင်ဘာ ၂၇ ရက်မနက် ပိုင်းကအာရက္ခတပ်တော်က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့ပြီး အဲ့ဒီအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ စစ်တွေ ဒေသစစ်ဆင်ရေး ကွက်ကဲမှုဌာနချုပ် (ဒကစ) လက်အောက်မှာရှိတဲ့ တပ်နယ်…

စစ်တွေ မှာစစ်ကောင်စီအခြံအရံ နဲ့ ALP သင်တန်းဆင်းပွဲ ပြုလုပ်
စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့အဖြစ် အသိအမှတ်ပြုခံထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်မနက်ပိုင်းမှာ စစ်တွေ မြို့ထဲ က မီးလောင်ကွင်းမှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီသင်တန်းဆင်းပွဲကို ဒီကနေ့မနက် ၈ နာရီမှာပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ် ၊ ရဲတပ်ဖွဲ့ နဲ့…

စစ်တွေ ရေတပ်ကို AA လက်နက်ကြီးနဲ့ ပစ်ခတ် ၊ အမြှောက်တိုက်ပွဲ ဖြစ်နေ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသိမ်းပြီးနောက်မှာ ရခိုင်ပြည် ရဲ့ မြို့တော် စစ်တွေမြို့အနီး ပင်လယ်ပြင် မှာ လုံခြုံရေးယူထားတဲ့ စစ်တွေရေတပ်ကို အာရက္ခတပ်တော် AA က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ စစ်တွေမြို့ နဲ့ ကျောက်တော်မြို့ကြားမှာရှိတဲ့ ရေပြင်မှာ စခန်းချထားတဲ့ ရေတပ်စစ်သဘေ်ာနဲ့ အာရက္ခတပ်တော်တို့ ဟာ ဒီဇင်ဘာ ၂၁…

စစ်တွေ ရေတပ် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေ ( ပုဏ္ဏားကျွန်းမြို့ ကို သန်းခေါင်ယံအချိန် ဗုံးကျ)
ရခိုင်ပြည် အမ်းမြို့က နပခ အခြေအနေတွေကြောင့် ကြောက်ရွံ့တုန်လှုပ်နေတဲ့ စစ်တွေမြို့အခြေစိုက် ဒကစ ဟာ စစ်တွေမြို့နဲ့ အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး အရပ်သားကျေးရွာတွေကို ကျရောက်ပေါက်ကွဲနေပါတယ်။ မနေ့က ဒီဇင်ဘာ ၁၇ ရက် ည ၁၁ နာရီခွဲမှာ စစ်တွေမြို့ အနီး ပုဏ္ဏားကျွန်းမြို့နယ် ပဒေသကျေးရွာကို…

ရခိုင်(စစ်တွေ) စစ်ရှောင်တချို့ ရန်ကုန်ဒဏ်မခံနိုင်လို့ နေရပ်ပြန်နေကြပြီ
ရန်ကုန် နဲ့ တခြား တစ်ခြားပြည်မက မြို့ကြီးတွေမှာ စစ်ဘေးရှောင်နေကြတဲ့ စစ်တွေ ဒေသခံတချို့ဟာ အဲ့ဒီမြို့ တွေမှာ စရိတ်စကကြီးမြင့်တာတွေ အပြင် ရခိုင်မှတ်ပုံတင် (၁၁/ )ကိုင် ဆောင်တဲ့ အတွက် ဖိနှိပ်တာတွေ စတဲ့ အခက်အခဲတွေကြောင့် စစ်တွေ မြို့ကို တစတစ ပြန်ဝင်နေကြတယ်လို့ သတင်းရရှိပါတယ်။…

စစ်တွေမြို့ မှာ အထိုင်ချထားတဲ့ ရေတပ်ကို ကာကွယ်ဖို့ ပင်လယ်ထွက်ပေါက် ရှိရာ ပွိုင့်ကမ်းခြေကို သံဆူးကြိုးကာနေတဲ့စစ်ကောင်စီ
လူဇော် အာရက္ခတပ်တော် AA တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် စစ်တွေမြို့မှာ စစ်ကောင်စီ ရေတပ်စခန်းအနီး တဝိုက်မှာ သံဆူးကြိုးခေါ်ချိန်းဘလိတ်တွေ ကာရံနေတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်တွေမြို့ ပင်လယ်ဘက် အခြမ်းမှာရှိတဲ့ ရေတပ်စခန်း ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး အဲ့ဒီရေတပ်မကျ ဆုံးရေးအတွက် ပွိုင့်ကမ်းခြေ နဲ့ စစ်တွေမြို့ ပင်လယ်ထွက်ပေါက်တွေကို…