ကျောက်ဖြူမြို့နယ် မင်းပြင် နဲ့ သိုင်းချောင်းဘက်ကို စစ်ကော်မရှင်ဘက်က နောက်တစ်ချီ စစ်ကြောင်းတွေ ပြန်ထိုးနေတယ်လို့ သတင်းရရှိပါတယ်။
ဒီဇင်ဘာလထဲမှာ အထိနာခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေ ဟာ ၊ ဒဏ်ရာရတဲ့ စစ်သားတွေကို နောက်တန်းပြန်ယူပြီးနောက်မှာ ၊

မင်းပြင်နဲ့ သိုင်းချောင်းဘက်ကိို ဒုတိယတချီ အနေနဲ့ စစ်ကြောင်းပြန်ထိုးနေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
“ဒရုန်းတွေနဲ့ အရင်လာကြဲပြီး ၊ နောက်က စစ်ကြောင်းက လိုက်တက်လာတယ်၊ တက်လာတာက ၃၂ တပ်ရင်းဘက်က တက်လာတဲ့ စစ်ကြောင်းပါ ၊ တိုက်ပွဲက နေ့ရောညနေရာ ပြန်ပြီးပြင်းထန်နေပါတယ်” လို့ ကျောက်ဖြူ စစ်ရေး သတင်းရင်းမြစ်ကပြောပါတယ်။
မနေ့က ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းကတည်းက ဒရုန်းဗုံးအမြောက်အများနဲ့ ဦးစွာပစ်ခတ်ခဲ့ပြီး အင်အားနှစ်ရာကျော်ပါတဲ့ခြေလျှင်စစ်ကြောင်း က နောက်က ထပ်တက်လာတယ်လို့ သိရပါတယ်။
မင်းပြင် နဲ့ သိုင်းချောင်း အုပ်စု ဟာ တရုတ်အထူးစီးပွားရေးဇုံ တည်ဆောက်မယ့် ဧရိယာထဲမှာ ပါဝင်နေပြီး ULA/AA က ထိန်းချုပ်ထားဆဲနေရာဖြစ်ပါတယ်။
အဲ့ဒီနေရာကို ပြန်လည်ရရှိရေးအတွက် စစ်ကော်မရှင်ဘက်က အင်အားရာချီစစ်ကြောင်းတွေ သုံးပြီးထိုးစစ်ဆင်နေသလို ၊ အသေခံဒရုန်းတွေနဲ့ အမြောက်အများအသုံးပြုပြီးတော့လည်း တိုက်ခိုက်ရေးတွေပြုလုပ်နေပါတယ်။
ဓာတ်ပုံ – မင်းပြင်ရေဒါစခန်းကို သိမ်းပိုက်ပြီးကြောင်း ဓာတ်ပုံရိုက်ပြီး ၊ ဖြိုခွင်းခံရတဲ့စစ်ကောင်စီ ရဲ့ ပထမ အသုတ်စစ်ကြောင်း
လေးဝတီ FM
Looking for a quick, fun challenge? runner tomato hyper casual is a fantastic choice! Its simple controls and addictive gameplay loop make it perfect for short bursts of gaming. Plus, the bright visuals and satisfying progression will keep you coming back for more. Highly recommended for anyone needing a dose of casual fun!