ယနေ့ Wednesday, 5th February 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ရခိုင်မှာ ကျန်တဲ့ လေဆိပ် သုံးခုကို စစ်ကောင်စီ လုံခြုံရေး တိုးမြှင့်

ရခိုင်မှာ ကျန်တဲ့ လေဆိပ် သုံးခုကို စစ်ကောင်စီ လုံခြုံရေး တိုးမြှင့်

ရခိုင်ပြည် ကို လေကြောင်းက ပြေးဆွဲနေတဲ့ လေယာဉ်ကွင်း ၅ ခုအနက်က သံတွဲ နဲ့ အမ်းလေဆိပ်ကို

အာရက္ခတပ်တော်က သိမ်းပိုက်ပြီးချိန်မှာ ကျန်တဲ့လေယာဉ်ကွင်းသုံးခုကို စစ်ကောင်စီဟာ လုံခြုံရေး တွေ အပြင်းအထန် တိုးမြှင့်လိုက်ပါတယ်။

အာရက္ခတပ်တော်ဟာ သံတွဲနဲ့ အမ်းမြို့ကို တိုက်ခိုက်ရာမှာ လေဆိပ်တွေကို အရင်ဆုံးတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းထောက်ပို့များ မထိရောက်အောင်တားမြစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ရခိုင်မှာ ကျန်ရှိနေသေးတဲ့ ကျောက်ဖြူ ၊ စစ်တွေ နဲ့ မာန်အောင်လေဆိပ်တွေကို အင်အား အလုံးအရင်းနဲ့ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အမ်းမှာလေယဉ်ကွင်းကိုAAသိမ်းလိုက်တော့ သူတို့က စစ်သည်အင်အား၊ ဆေးဝါးအစ ရိက္ခာတွေပါထောက်ပို့လုပ်ရတာ အဆင်မပြေတော့ဘူးလေ။ အဲ့ဒါကြောင့် လေယဉ်ကွင်းတွေကို သူတို့အသုံးပြုနိုင် ဖို့ အတွက် ပတ်လည်မှာ ကတုတ်ကျင်းတွေ တူးတယ် ဘန်ကာတွေ အခိုင်အမာတည်ဆောက်တယ်နေတယ်” လို့ စစ်တွေ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အလားတူ ကျောက်ဖြူ နဲ့ မာန်အောင်က လေယဉ်ကွင်းပတ်လည်ကို မြေမြုပ်မှိုင်းတွေ ထောင်နေပြီး ဆက်သွယ်ရေးကျင်း၊ ဘန်ကာ၊ ကတုတ်ကျင်း တွေ တူးယုံ မက အမြှောက် နဲ့ စက်လက်နက်တွေ တပ်ဆင်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“လေယာဉ်ကွင်းအပြင်ဘက်မှာ နှစ်ဆင့်သုံးဆင့်နေရာယူထားတယ်” လို့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ဟာ ရခိုင်ပြည်ကို လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ပိတ်ဆို့ ထားသလို ၊ အာရက္ခတပ်တော်က လည်း စစ်ကောင်စီရဲ့ ကုန်းလမ်း ဆက်သွယ်မှုကို ပြန်လည် ဖြတ်တောက် ဟန့်တားထားတာဖြစ်ပါတယ်။

ဒါကြောင့် ရိက္ခာ ၊ ဆေးဝါး နဲ့ ထောက်ပို့လုပ်ငန်းများအတွက် ရေကြောင်းကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ ရေတပ်စခန်းတွေဟာလည်း ထပ်မံသိမ်းပိုက်ခံရပြီးနောက်မှာ လေကြောင်းတစ်မျိုးတည်းကိုသာ အားထားအသုံးပြုနေတာဖြစ်ပါတယ်။

အဉ္စနလီညှင်း (လေးဝတီFM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *