ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ကျောက်နီမော်စံပြကျေးရွာကြီး ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား (၄၀) ကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရကာ နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ဇန်နဝါရီ ၈ ရက် နေ့လည် ၁ နာရီကျော် မှာလာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
ကျောက်နီမော် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက် နဲ့ ကျောက်နီမော်ဈေး အနီးဝန်းကျင်တွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ် လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“မနေ့က လာပစ်တယ်။ ရွာထဲကိုတိုက်ရိုက်ကျတာပါ။ နေအိမ်တွေကနီးတယ်။ မီးလောင်ဗုံးလည်းချတယ်၊မီးကတော့အများလောင်တယ်၊ လတ်တလော သေဆုံးတာက ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရတာက ၃၀ ကျော်ပါတယ်။ ” လို့ ဒေသခံသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
ကျောက်နီမော်လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် သေဆုံးသူထဲမှာ အသက်မပြည့်သည့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ ၊ အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။
စစ်ကောင်စီသည် ရခိုင်မှာ ၂၀၂၅ ခုနစ် ဇန်နဝါရီလ အတွင်းမှာပင် ရခိုင်ပြည် မြေပုံ ၊ ပုဏ္ဏားကျွန်း နဲ့ ရမ်းဗြဲမြို့နယ်တို့က အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။
အဉ္စနလီညှင်း လေးဝတီ(FM)