ယနေ့ Wednesday, 5th February 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

မကွေးတိုင်းထဲက ဂုတ်စည်းရိုး တာဝါတိုင် စခန်း ကို AA သိမ်းပိုက်(စစ်ကောင်စီ ၁၅၀ ကျော်သေဆုံး)

မကွေးတိုင်းထဲက ဂုတ်စည်းရိုး တာဝါတိုင် စခန်း ကို AA သိမ်းပိုက်(စစ်ကောင်စီ ၁၅၀ ကျော်သေဆုံး)

မကွေးတိုင်း ငဖဲမြို့နယ် ထဲက ဂုတ်စီးရိုး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၅၀ ကျော်သေဆုံးပြီးနောက် ဂုတ်စီးစခန်းကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့တယ် လို့ မြေပြင်သတင်းရရှိပါတယ်။

ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက စစ်ကောင်စီရဲ့ ဆက်သွယ်ရေးအတွက် အရေးပါလှတဲ့ ရခိုင်-မကွေးနယ်စပ်ပေါ်က ဂုတ်စီးရိုး စခန်းကို
AA က သိမ်းပိုက်ထိမ်းချုပ်လိုက်ပြီး တပ်သား ၅၀ ကျော်ကိုလည်း လက်ရဖမ်းဆီးခဲ့တယ်လို့ သတင်းရင်းမြစ် က ပြောပါတယ်။

“ဂုတ်စည်းရိုးမှာ တိုက်ပွဲက ၄ ရက်လောက်ပြင်းခဲ့တယ် ၊ အခု အကုန်နောက်ဆုတ်သွားပြီ AA ဘက်က သိမ်းလိုက်ပြီ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၅၀ ကျော်သေဆုံးခဲ့ပြီး ၅၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ် ။

ဂုတ်စီးရိုးကျေးရွာ အနီးမှာ အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေ ဟာ အင်အား အခိုင်အမာနဲ့ ခုခံနေတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ULA/AA နဲ့ စစ်ကောင်စီ တို့ ဟာ အပစ်ရပ်ရေးဆွေးနွေးညှိနှိုင်းတော့မယ့် အလားအလာတွေ ရှိနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

အာရက္ခတပ်တော်ဘက်က ရခိုင်ပြည်နဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီ တိုင်းတို့ ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တော့မယ့်အနေအထား နဲ့ သတင်းဓာတ်ပုံတွေ ထုတ်ပြန်ခဲ့ပါသေးတယ်။

နှစ်ဖက်တိုက်ပွဲတွေဟာ အမ်း-ပဒန်းလမ်း နဲ့ တောင်ကုတ် -ပန်းတောင်းလမ်းပိုင်းတွေမှာ ဆက်လက်ပြင်ထန်နေပြီး စစ်ကောင်စီဘက်က
ဒရုန်းနဲ့ ကင်းထောက်လေယာဉ်တွေကို အသုံးပြုနေတာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲပြီးနောက်မှာ ဂုတ်စည်းရိုးကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲချမှုကြောင့် နေအိမ်အများအပြားမီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *