Laywaddy FM

မောင်တော နခခ (၅ ) ရဲ့နောက်ဆုံးခံတပ် အဆင့်အထိ AA ဝင်ရောက် အနီးကပ် ထိုးစစ်ဆင်နေ

မောင်တော နခခ (၅ ) ရဲ့နောက်ဆုံးခံတပ် အဆင့်အထိ AA ဝင်ရောက် အနီးကပ် ထိုးစစ်ဆင်နေ

အာရက္ခတပ်တော် AA ဟာ မောင်တော နခခ (၅) ရဲ့ နောက်ဆုံးခံတပ် ဘန်ဘာတွေ အထိ အနီးကပ်ဝင်ရောက် ထိုးစစ်ဆင် နေတယ် လို့ သတင်းရရှိပါတယ်။

နခခ(၅) ဝန်းထဲမှာ ဒီဇင်ဘာ ၅ ရက် နဲ့ ၆ ရက်တွေမှာ နေ့ရော ညပါ အနီးကပ်ထိုးစစ်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ် ။

သုံးလကျော်ကြာနည်းမျိုးစုံနဲ့ ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရတဲ့ မောင်တော နခခ(၅) မြို့သူကြီးတပ် ရဲ့ အတွင်းပိုင်းအထိ ဝင်ရောက်ထိုးစစ်ဆင်နေခြင်း ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အတွင်းထဲမှာ အနီးကပ်တိုက်ပွဲက နှစ်ရက် နဲ့ နှစ်ည ရှိပြီ နေ့ရော ညရော မနားတမ်းဖြစ်နေကြတာ ၊ လေကြောင်းက လည်း အဆက်မပြတ် အပြင်းအထန်ခုခံနေတယ်၊” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မောင်တော နခခ(၅) ရဲ့ လက်ကျန်ဗျူဟာစခန်း မကျရေးအတွက် နေဗီက လက်နက်ကြီးနဲ့ ပစ်ကူပေးနေသလို ၊ လေကြောင်းကလည်း အဆက်မပြတ်ခုခံနေတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ နေရာတွေသာမက မောင်တောမြို့ ဧရိယာထဲကိုလည်း ဖျက်အားပြင်း ပေါင် ၁၀၀၀ ဗုံးတွေ ကြဲချနေတာဖြစ်ပါတယ်။

လေကြောင်းက မောင်တောတမြို့လုံးကို ဗုံးကြဲလို့ တချို့ရပ်ကွက်တွေ မီးလောင်နေတယ်” လို့ ဒေသ အခြေအနေ ကိုစောင့်ကြည့်လေ့လာသူ တစ်ဉီးက ပြောပါတယ်။

မောင်တောမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး တစ်ခုတည်းကျန်တော့တဲ့ မြို့သူကြီး အခြေစိုက် မောင်တော နခခ(၅) မှာ စစ်ကောင်စီရဲ့ လက်ကျန်အင်အားတွေ စုပေါင်းထားတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ လေကြောင်းက နေပြီး စနိုက်ဘာ ကျွမ်းကျင်တွေနဲ့ အဲ့ဒီတပ်ဝန်းထဲက ခုခံနေခဲ့တာဖြစ်ပါတယ်။

မောင်တော နခခ(၅) ကို အာရက္ခတပ်တော်က ရရှိလျှင် မြန်မာ-ဘဂ်လားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိမ်းချုပ်နိုင်မှာဖြစ်ပါတယ်။

အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *