Laywaddy FM

အမ်းမြို့ နပခ ဌာနချုပ် ပတ်ဝန်းကျင်မှာ ဆက်တိုက်တွေ့နေရတဲ့ ယတြာအစီအရင်များ

အမ်းမြို့ နပခ ဌာနချုပ် ပတ်ဝန်းကျင်မှာ ဆက်တိုက်တွေ့နေရတဲ့ ယတြာအစီအရင်များ

ရခိုင်ပြည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ အမ်းမြို့ ပတ်ဝန်းကျင်က စစ်ကောင်စီရဲ့ စစ်ခန်းတွေကို ရှင်းလင်းခြင်း ၊ မြေမြုပ်မှိုင်းတွေကို တူးဖော်ခြင်းတွေ ပြုလုပ်တဲ့အချိန်မှာ မယုံကြည်နိုင်ဖွယ် ယတြာအစီအရင်တွေ ကို အဆင့်အတန်းနိမ့်ပါးစွာပြုလုပ်ထားတာကိုတွေ့ရှိရတယ်လို့ မြေပြင်သတင်းပေးပို့သူက ပြောကြားလာပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်း အတွင်းအပြင်နဲ့ အမ်းမြို့အတွင်းက ရပ်ကွက်ကြို ၊ရပ်ကွက်ကြားတွေမှာ ပဋ္ဌာန်းကျမ်းတော်မှာ ပါဝင်တဲ့ စာသားတွေကို ကျဉ်ဆံ၊ လက်နက်၊ မြေမြုပ်မှိုင်း၊ ကာကင်း ဘန်ဘာ ၊ စစ်ဝတ်စုံတွေ မှာ ကပ်ထားပြီး တိုက်ပွဲကို ဆင်နွဲခဲ့တယ် လို့ ဆိုပါတယ်။

” အမ်းမှာသိမ်းဆည်းရမိတဲ့စစ်ကောင်စီလက်နက် နဲ့ ခဲယမ်းမှာ အများဆုံးတွေ့ရတယ်။ သူတို့ကိုဖမ်းစီးရမိတဲ့ အခါလည်း၀န်ခံပြောဆိုပါတယ်” လို့ သတင်းရင်းမြစ် က ပြောပါတယ်။

စစ်ကောင်စီဟာ ဗုဒ္ဓဘာသာ ဘုရားဟောစာပေတွေကို လက်နက်တွေမှာအသုံးပြုတာ ၊ စစ်ပွဲအတွင်းမှာ ယတြာအဖြစ်အသုံးပြုတာတွေ ပြုလုပ်ခဲ့ပေမယ့် မြေပြင်မှာ တော့ ဘုရားကျောင်းကန်တွေ ကို ဖျက်ဆီးခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

“အမ်းမြို့ အောက်ရွာထဲသူတို့၀င်လာတယ်။ သူတို့ကိုးကွယ်တဲ့ အောက်ရွာဆရာတော်ကို တောင်ကျောင်းကဆင်းခိုင်းတယ်၊ ပြီးတော့ဘုရားကျောင်း နဲ့ စေတီ ကို ကာကင်းလုပ်ပြီး တိုက်ခဲ့တယ်၊ စစ်ပွဲပြီးတဲ့ အချိန်မှာ ဘုန်းကြီးကျောင်းပတ်လည်မှာ ပဋ္ဌာန်းစာသားတွေ ပါတဲ့ မိုင်းတွေ ထောင်ခဲ့တယ် ၊ ကျောက်းကိုလည်း ဖျက်ဆီးခဲ့တယ်” လို့ အမ်းမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အမ်းမြို့ ၊ တောင်ကုတ်မြို့ နဲ့ ရခိုင်ပြည်နယ်က စစ်ကောင်စီ ခန်းတွေမှာ အန္တာရာယ်ကင်းဂါထာတွေကို ရွက်ဆိုတာတွေ၊ စာသားတွေကို နေရာအနှံ့မှာ ကပ်ထားတာတွေ ၊ အသုံးအဆောင် ပစ္စည်းတိုင်းမှာ ကပ်ထားတာတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဉ္စနလီညှင်း ၊ လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *