ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်ပြီးနောက်မှာ ရခိုင့်တပ်တော် AA က
ရခိုင်ကမ်းမြောင်ဒေသ တစ်ခုလုံးရဲ့ အလယ် ကျောမှာရှိတဲ့ မြို့တွေကို
သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ပါတယ်။
မင်းပြား၊မြောက်ဦး၊မြေပုံ၊ပေါက်တော၊ ကျောက်တော်၊ပုဏ္ဏားကျွန်း စတဲ့ စစ်တွေ ၊ ရန်ကုန်
ကားလမ်းပိုင်းပေါ်မှာ ရှိတဲ့ တဆက်တစပ်တည်းမြို့တွေကို သိမ်းပိုက်လိုက် တဲ့ အတွက်
စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်နဲ့ တောင်ဘက် အစွန်နဲ့ မြောက်ဘက် အစွန်မှာ ရှိတဲ့မြို့တွေကို
အင်အားဖြည့်ပြီး ခံစစ်ပြင်နေရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့က တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်တဲ့ \”ခမရ (၅၅၀)” အား
ရက္ခိုင့်တပ်တော် က မတ်လ ၄ရက် မှာ အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ရခိုင့်တပ်တော် AA က
ထုတ်ပြန်ပါတယ်။
ရက္ခိုင့်တပ်တော် သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့ ခရိုင်နှစ်ခုမှာ မြောက်ဦးခရိုင်နှင့် ပလက်ဝခရိုင်
ဖြစ်ပြီး မြို့နယ် ၇ မြို့နယ်မှာ ပလက်ဝမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊
ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် တို့ ဖြစ်ပါတယ်။
ဒီမြို့တွေ သိမ်းပိုက်လိုက်ခြင်းအားဖြင့် ရန်ကုန်-စစ်တွေ ကားလမ်းပိုင်း ပေါ်မှာ ရှိတဲ့ မြို့တွေရဲ့
၈၀% ကို လည်း ထိမ်းချုပ်ထားနိုင် ပြီဖြစ်ပါတယ်။